Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ကန့်ကွက်နေပေမယ့် အနောက်ဖက် ကမ်းခြေဒေသ သိမ်းသွင်းရေးကို အစ္စရေးလွှတ်တော် တွန်းအားပေးနေ

မဟာမိတ် အမေရိကန် အစိုးရက ကန့်ကွက်ထားတဲ့တိုင်အောင် ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေ ဒေသရဲ့ အစိတ်အပိုင်း တချို့ကို ပိုင်နက်အဖြစ် သိမ်းသွင်းမယ့် အစီအစဉ်ကို အစ္စရေး လွှတ်တော်က ရှေ့ဆက် အကောင်အထည် ဖော်နေပါတယ်။

ဓာတ်ပုံ - AFP

မဟာမိတ် အမေရိကန် အစိုးရက ကန့်ကွက်ထားတဲ့တိုင်အောင် ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေ ဒေသရဲ့ အစိတ်အပိုင်း တချို့ကို ပိုင်နက်အဖြစ် သိမ်းသွင်းမယ့် အစီအစဉ်ကို အစ္စရေး လွှတ်တော်က ရှေ့ဆက် အကောင်အထည် ဖော်နေပါတယ်။

လွှတ်တော်မှာ ဆွေးနွေးနေတဲ့ အဲဒီ အဆိုမူကြမ်းကို အစ္စရေးရဲ့ လက်ယာစွန်း အမျိုးသားရေးဝါဒီ လွှတ်တော် အမတ်တွေက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရကတော့ ဒီကိစ္စကို အတိအလင်း ကန့်ကွက်ထားပြီးသားပါ။

ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးစစ်တပ်နဲ့ ဟားမားစ် ပြောက်ကျားအဖွဲ့တို့ကြား အပစ်အခတ် ရပ်စဲထားမှု ဆက်လက် တည်တံ့စေရေးအတွက် အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က အစ္စရေးကို သွားရောက် ဆွေးနွေးနေချိန် အတောအတွင်း အစ္စရေး လွှတ်တော်ကတော့ အနောက်ဖက် ကမ်းခြေဒေသထဲက နယ်မြေတွေကို နိုင်ငံပိုင်နက်ထဲ သိမ်းသွင်းဖို့ ဆက်လက် ဆွေးနွေးနေတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အနောက်ဖက် ကမ်းခြေဒေသရဲ့ အစိတ်အပိုင်းတွေကို အစ္စရေးပိုင်နက်ထဲ ထည့်သွင်းမယ့် အစီအစဉ်ကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ စက်တင်ဘာလတုန်းက အိမ်ဖြူတော်မှာ ပြောခဲ့ဖူးပါတယ်။ အဲဒီကိစ္စ လုံးဝ ဖြစ်မလာစေရဘူးလို့လည်း ထရမ့်က ဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အနောက်ဖက် ကမ်းခြေဒေသမှာ အစ္စရေး အိမ်ရာတွေ အခြေချမယ့် နယ်မြေတွေကို သိမ်းသွင်းယူရေး မူကြမ်းအဆိုကို အစ္စရေး လွှတ်တော်မှာ ကနဦးအဆင့် မဲပေးတဲ့အခါ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သူ့ရဲ့ လီကွတ်ပါတီဝင် အမတ်တွေကို မဲမပေးဘဲ ကြားနေဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

လီကွတ်ပါတီကတော့ လွှတ်တော်ထဲမှာ ဒီကိစ္စကို တွန်းအားပေးနေကြတာဟာ အမေရိကန်နဲ့ အစ္စရေးကြား ဆက်ဆံရေး ထိခိုက်စေဖို့ အတိုက်အခံတွေရဲ့ နောက်ထပ် အကြံအစည် တစ်ခုသာ ဖြစ်တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

အခုသီတင်းပတ် လွှတ်တော်ရဲ့ မဲပေးမှုမှာတော့ သီးခြား အဆိုနှစ်ခုကို အမတ်တွေက မဲပေးခဲ့ကြတာပါ။ အနောက်ဖက် ကမ်းခြေဒေသရဲ့ မာလီ အဒူမင် ဧရိယာကို သိမ်းယူဖို့ ပထမ အဆိုဟာ ၃၂ မဲ – ၉ မဲနဲ့ အောင်မြင်ခဲ့ပြီး အနောက်ဖက် ကမ်းခြေဒေသ တစ်ခုလုံးကို အစ္စရေး ပိုင်နက်ထဲ သွတ်သွင်းသင့်တယ် ဆိုတဲ့ ဒုတိယ အဆိုကလည်း ၂၅ မဲ – ၂၄ မဲနဲ့ ပွတ်ကာသီကာ အထမြောက်ခဲ့ပါတယ်။ မာလီ အဒူမင်ဟာ အစ္စရေးရဲ့ ဂျေရုဆလင်မြို့ အရှေ့ဖက်မှာ တည်ရှိပြီး ကျယ်ပြောတဲ့ လူနေဧရိယာတစ်ခု ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook