Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ကို ညအချိန် လေကြောင်းကဗုံးကြဲတဲ့ စစ်ရာဇဝတ်မှုသက်သေရုပ်သံ

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မနေ့က အောက်တိုဘာ ၂၇ရက် ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်သွားတဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မနေ့က အောက်တိုဘာ ၂၇ရက် ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်သွားတဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။

အောက်တိုဘာ-၂၈၊၂၀၂၅။အိမ်သွင်၊ထားမြတ် / People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မနေ့က အောက်တိုဘာ ၂၇ရက် ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်သွားတဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။

တိုက်လေယာဉ်ဟာ ညအမှောင်ထဲမှာ အနိမ့်ပိုင်းကိုဦးတည်ထိုးဆင်းလာပြီး ရဲစခန်းအနားကို ဗုံးကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

နေပြည်တော်ကနေတက်လာပြီး ပေါက်မြို့နယ်ကို ကျော်ဖြတ်ချိန်မှာ လေကြောင်းသတင်းရလို့ ဗုံးခိုကျင်းတွေထဲမှာ ပုန်းအောင်းနေခဲ့ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” လူအနည်းငယ် ထိတာပဲရှိတယ်။ အဆောက်အဦး သုံးလုံးတော့ ထိခိုက်ပျက်စီးတယ်”လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

မင်းတပ်ဒေသခံတဦးကလည်း မနေ့ည လေကြောင်းတိုက်ခိုက်ခံရမှု ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

“ညကဗုံးကြဲခံရချိန် ရိုက်ထားကြတဲ့ဟာ ဒီအသံမျိုးကိုခံစားလို့ကို မရဘူး။ ခဏခဏ ကြားဖူးသော်လည်း မရိုးနိုင်၊မအီနိုင် စိတ်ဒဏ်ရာရစေတဲ့ အသံ။ ကြုံဖူးသူတိုင်းပဲ သိတဲ့ ကြောက်စရာ အသံ။ ကြဲခါနီး အနိမ့်ဆင်းလာတဲ့ အသံက ရင်အခုန်ရဆုံးပဲ”လို့ ဒေသခံက ရေးသားထားပါတယ်။

စစ်ကောင်စီက မင်းတပ်မြို့ကို အောက်တိုဘာ၂၆ရက် နေ့လယ်ပိုင်းမှာလည်း ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာ ၈ရက်ကလည်း မင်းတပ်မြို့က စာသင်ကျောင်းတစ်ကျောင်းကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်မှာ မသန်စွမ်းသူတစ်ဦးနဲ့ကျောင်းသားသုံးဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီက အောက်တိုဘာအတွင်း ချင်းပြည်နယ်က ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ဟားခါး နဲ့ တွန်းဇံမြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းရန်ကိုသတိပြုကြဖို့၊ လူစုလူဝေးတွေမလုပ်ကြဖို့ ချင်းကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

ချင်းပြည်နယ်အပြင် နေပြည်တော်နဲ့ရန်ကုန်တိုင်းကလွဲလို့ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာလည်း စစ်ကောင်စီက လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

မင်းတပ်မြို့ကို ညအချိန် လေကြောင်းကဗုံးကြဲတဲ့ စစ်ရာဇဝတ်မှုသက်သေရုပ်သံ အောက်တိုဘာ-၂၈၊၂၀၂၅။အိမ်သွင်၊ထားမြတ် / People's…

Posted by People's Spring on Tuesday 28 October 2025

ရုပ်သံ – Ĥkl Mindat

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို