Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး စစ်ကိုင်းနဲ့ ကရင်နီမှာ ပြုလုပ်

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၁၀) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာ-၁၀၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၁၀) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားတွေကိုင်ဆောင်ကာ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်​ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့် မပေးနဲ့” ဘန်နာကိုင်ဆောင်ကာ ရွေးကောက်ပွဲဆန့်ကျင်ရေး တောင်ယာသပိတ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်မှာလည်း အမျိုးသားလူငယ်အစည်းအရုံးမှ ပြည်သူလူထုနဲ့ လူငယ်တွေကို စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲပုံစံနဲ့မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းကြောင်း ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ဖက်ဒရယ်နဲ့ လက်ရှိ ကရင်နီပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး ဓါတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနဲ့ ပိုစတာလိုက်လံကပ်တာတွေ ကရင်နီပြည်တွင်း တနေရာမှာလည်း ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook