Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုကင်း သုံးစွဲနေကြောင်း အစ်မဖြစ်သူရဲ့ စွပ်စွဲချက်ကို ဖိလစ်ပိုင် သမ္မတငြင်း

ကိုကင်း မူးယစ်ဆေးဝါး သုံးစွဲနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ငြင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - AP

ကိုကင်း မူးယစ်ဆေးဝါး သုံးစွဲနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ငြင်းဆိုခဲ့ပါတယ်။

သူနဲ့ ဆက်ဆံရေး မပြေလည်တဲ့ အစ်မဖြစ်သူ အထက်လွှတ်တော် အမတ် အင်မီမားကို့စ်က နိုဝင်ဘာ ၁၇ ရက်နေ့မှာ အဲဒီလို လူသိရှင်ကြား စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ အသက် ၇၀ အရွယ် အင်မီက သူ့ထက် ၂ နှစ်ငယ်တဲ့ မောင်ဖြစ်သူဟာ အချိန်အကြာကြီး မူးယစ်ဆေး စွဲနေခဲ့သူလို့ ပြောပါတယ်။

မားကို့စ်က မူးယစ်ဆေး စွဲနေတာကြောင့် သူ့ရဲ့ စီမံအုပ်ချုပ်မှုမှာ ပြဿနာတွေ ရှိလာစေသလို အဂတိ ကိစ္စတွေပါ ရောယှက်လာစေတယ်လို့ အင်မီက ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ မားကို့စ်ကိုယ်စား သူ့ရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးက အင်မီရဲ့ စွပ်စွဲချက်တွေကို ပယ်ချသွားပြီး အရင်ကလည်း ကြုံဖူးတဲ့ သက်သေမပြနိုင်တဲ့ အကြောင်းအရာဟောင်းတွေကို ထပ်တလဲလဲ ပြန်ပြောနေတာသာ ဖြစ်တယ်လို့ တုံ့ပြန်သွားပါတယ်။

အစိုးရရဲ့ ပြန်ကြားရေး အရာရှိ ကလယ်ရီ ကက်စ်ထရိုက မောင်ဖြစ်သူအပေါ် အင်မီရဲ့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်က လွှတ်တော်ထဲမှာ အခြေအနေ မကောင်းဘဲ ဖြစ်နေတဲ့ သူ့ရဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့ သွေးရူးသွေးတမ်း ကြိုးစားမှု တစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ တန်ပြန် ထိုးနှက်ခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ ရေကြီးမှု တားဆီးရေး ပရောဂျက် ရန်ပုံငွေတွေနဲ့ ပတ်သက်လို့ လူထု အာရုံစိုက်ခံရတဲ့ အဂတိကိစ္စကြီး တစ်ခုကို စုံစမ်းစစ်ဆေးတဲ့အခါ အင်မီရဲ့ မဟာမိတ်တွေ အမှုပတ်လာနိုင်တယ်လို့ ကက်စ်ထရိုက ထောက်ပြသွားပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ အထက်လွှတ်တော် အမတ် အင်မီသာ အမှန်တကယ် မျိုးချစ်စိတ်ဓာတ် ပြည့်ဝသူ တစ်ဦးဆိုရင် သမ္မတအပေါ် မဟုတ်မမှန် စွပ်စွဲနေမယ့်အစား အဂတိ ကိစ္စအားလုံး တိုက်ဖျက်ဖို့ သမ္မတ မားကို့စ်ရဲ့ အားထုတ်နေမှုတွေမှာ ပူးပေါင်းတာမျိုး ပိုဖြစ်သင့်တယ်လို့လည်း ကက်စ်ထရိုက ပြောပါတယ်။

လောလောဆယ်မှာတော့ ရေကြီးမှု တားဆီးရေး ပရောဂျက် ရန်ပုံငွေတွေ အလွဲသုံးစား လုပ်ခံရခြင်းနဲ့ တခြားဆက်စပ် ကိစ္စတွေကို စုံစမ်းဖို့ အထက်လွှတ်တော်၊ အစိုးရ အေဂျင်စီတွေက ကော်မတီတွေဖွဲ့ စုံစမ်းနေသလို သမ္မတရဲ့ ညွှန်ကြားချက်နဲ့ ဖွဲ့ထားတဲ့ အချက်အလက် ရှာဖွေစုဆောင်းရေး ကော်မရှင် တစ်ခုကလည်း ပါဝင်လုပ်ဆောင်နေပါတယ်။

နှစ်စဉ် တိုင်ဖွန်းမုန်တိုင်းတွေဒဏ်ကို ခံရပြီး အကြီးအကျယ် ရေကြီးတာတွေ ကြုံရတဲ့ ဖိလစ်ပိုင်လို နိုင်ငံမျိုးမှာ ဒီလို အဂတိမှုမျိုး ရှိနေတဲ့ သတင်းက လူထုကို အရမ်းအမျက်ထွက်စေခဲ့ပါတယ်။

အင်မီဟာ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ မဟာမိတ် တစ်ဦးဖြစ်ပြီး သူ့မောင် လက်ရှိ သမ္မတနဲ့ ပတ်သက်ရင် အရင်ကတည်းက ပြင်းထန်တဲ့ ဝေဖန်ထိုးနှက် စကားတွေ ပြောလေ့ရှိခဲ့ပါတယ်။ ဒူတာတေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)က ဖိလစ်ပိုင်မှာ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အင်မီနဲ့ သူ့ရဲ့ မဟာမိတ်တွေက ဥပဒေမဲ့ ဖမ်းဆီးမှု တစ်ခုလို့ ရှုတ်ချပြီး ဒီကိစ္စရဲ့ နောက်ကွယ်မှာ မားကို့စ် အစိုးရက ကြံရာပါအဖြစ် လှုပ်ရှားခဲ့ကြောင်းလည်း စွပ်စွဲထားကြပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ