Connect with us

Hi, what are you looking for?

သတင်း

ဂွေးချို-ဂွေးပင်လမ်းပိုင်း ညဘက်မဖြတ်သန်းဖို့ ချောက် ပကဖ အရေးပေါ်ကြေညာ

မကွေးတိုင်း၊ ချောက်မြို့နယ်က ဂွေးချိုနဲ့ ဂွေးပင်ကြား လမ်းပိုင်းကို ညဘက်ဖြတ်သန်းသွားလာတာမပြုဖို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ချောက်ပကဖ)က နိုဝင်ဘာ ၁၉ရက်မှာ အရေးပေါ် ကြေညာချက် ထုတ်ပြန်ပါတယ်။

ဂွေးချိုလမ်းဆုံတနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

နိုဝင်ဘာ-၂၀၊ ၂၀၂၅။ ပုရစ်/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်က ဂွေးချိုနဲ့ ဂွေးပင်ကြား လမ်းပိုင်းကို ညဘက်ဖြတ်သန်းသွားလာတာမပြုဖို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ချောက်ပကဖ)က နိုဝင်ဘာ ၁၉ရက်မှာ အရေးပေါ် ကြေညာချက် ထုတ်ပြန်ပါတယ်။

ချောက်ပကဖ စိုးမိုးထိန်းချုပ်ထားတဲ့ ပြည်ထောင်စုအမှတ်(၃)လမ်းမကြီးပေါ်ရှိ ဂွေးချို – ဂွေးပင် လမ်းပိုင်းအား ပြည်သူလူထုအနေနဲ့ ည ၉ နာရီကနေ မနက် ၆နာရီအတွင်း ဖြတ်သန်းသွားလာတာ မပြု ဖို့ အသိပေးထားတာဖြစ်ပါတယ်။

အသိပေးချက်ကို မလိုက်နာရင် ဖြစ်လာမယ့်အကြောင်းအရာတွေ တာဝန်ယူမှာ မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပြီး တွေ့ရှိရင် အရေးယူမယ်လို့လည်း ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လမ်းပိုင်းအသုံးပြုသူတွေ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း ထုတ်ပြန်ခဲ့ရာ ဂွေးချို-ဂွေးပင်လမ်းပိုင်းအား အသုံးပြုတဲ့ ယာဉ်တွေအနေနဲ့ မောင်းနေစဉ် မှန်ချထားဖို့၊ အရှိန်လျှော့ မောင်းနှင်ဖို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲဒီလမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်လာရင်တိုက်ပွဲအတွင်းဖြတ်သန်းသွားလာခြင်းမပြုဖို့ သတိပေးထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လိုအပ်ချက်အရ စစ်ဆေးမှုတွေ ကို ပူးပေါင်းဆောင်ရွက်ပေးဖို့ ကြေညာပါတယ်။

ကျန်းမာရေး အခြေအနေရ ဖြန်သန်းသွားလာဖို့လိုအပ်ရင် မြို့နယ် ပကဖကို အသိပေး အကြောင်းကြား ဖြတ်သန်းသွားလာနိုင်ကြောင်းလည်း ချောက်ပကဖက ထုတ်ပြန်ထားပါတယ်။

ဂွေးချို-ဂွေးပင်လမ်းပိုင်းဟာ ချောက်မြို့နယ်နဲ့ ရေနံချောင်းမြို့နယ်အကြားမှာ ရှိတဲ့ လမ်းပိုင်းဖြစ်ပြီး အဲဒီ လမ်းပိုင်းမှာ စစ်ကောင်စီတပ် ထောက်ပို့ယာဉ်တွေ သွားလာလေ့ရှိတဲ့လမ်းပိုင်းလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။