Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိပ်ခန်းရှင်းရင်း ရှာတွေ့တဲ့ Superman ရုပ်ပြဟောင်းကို ဒေါ်လာ ၉ သန်းကျော်နဲ့ လေလံတင်ရောင်းချ

အမေ့ အိပ်ခန်းကို ရှင်းလင်းရင်း မတော်တဆ ရှာတွေ့ခဲ့တဲ့ Superman ရုပ်ပြစာအုပ်ဟောင်း တစ်ခုကနေ အမေရိကန်က ညီအစ်ကို သုံးယောက်ဟာ ဒေါ်လာ ၉ သန်းလောက် ရရှိသွားကြပါတယ်။

အမေ့ အိပ်ခန်းကို ရှင်းလင်းရင်း မတော်တဆ ရှာတွေ့ခဲ့တဲ့ Superman ရုပ်ပြစာအုပ်ဟောင်း တစ်ခုကနေ အမေရိကန်က ညီအစ်ကို သုံးယောက်ဟာ ဒေါ်လာ ၉ သန်းလောက် ရရှိသွားကြပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ခရစ္စမတ်တုန်းက အဲဒီ ညီအစ်ကိုတွေဟာ ကွယ်လွန်သူ မိခင်ရဲ့ အိပ်ခန်းထဲက ဟောင်းနွမ်းနေတဲ့ သတင်းစာတွေ၊ တခြားအမှိုက်သရိုက်တွေကို ရှင်းလင်းရင်း မျှော်လင့်မထားတဲ့ ရတနာသိုက်ကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

၁၉၃၉ ခုနှစ်တုန်းက ဝယ်ယူထားခဲ့တဲ့ Superman ရုပ်ပြစာအုပ်ရဲ့ ပထမဆုံး ကော်ပီတွေထဲက တစ်အုပ်ကို သူတို့တွေ တွေ့ရှိခဲ့တာပါ။ အဲဒီစာအုပ်ကို လေလံတင် ရောင်းချခဲ့တဲ့ အခါမှာတော့ ဒေါ်လာ ၉.၁၂ သန်း ရရှိခဲ့ပါတယ်။

တက္ကဆက်စ် ပြည်နယ်မှာရှိတဲ့ Heritage လေလံဌာနရဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ လေလံပွဲမှာ အဲဒီ Superman #1 စာအုပ်လေးက အံ့မခန်း စျေးနှုန်းမျိုးထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ စာအုပ်ကို သတင်းစာတွေ၊ ကတ်ထူပုံးခွံတွေ ပိနေတဲ့အောက်၊ ပင့်ကူအိမ်တွေကြားမှာ ရှာတွေ့ခဲ့တာလို့ ညီအစ်ကို သုံးယောက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ဟာ လေလံဌာနနဲ့ အဆက်အသွယ်ရဖို့ လပိုင်းလောက် စောင့်ခဲ့ရပါတယ်။ နောက်တော့ လေလံဌာနရဲ့ ဒုတိယ ဥက္ကဋ္ဌ လွန်အလန်ကိုယ်တိုင် သူတို့ရဲ့ နေအိမ်ဆီ သွားရောက်ခဲ့ပြီး စာအုပ်ကို စစ်ဆေးခဲ့ပါတယ်။

နာမည် ထုတ်မပြောတဲ့ ညီအစ်ကို ၃ ဦးဟာ အသက် ၅၀ နဲ့ ၆၀ ကြားအရွယ်တွေဖြစ်ကြောင်း၊ သူတို့ရဲ့ မိခင်က သူ့မှာ တန်ဖိုးကြီးတဲ့ ရုပ်ပြစာအုပ်တွေ စုဆောင်းထားတာ ရှိတယ်လို့ ပြောဖူးပေမယ့် သူတို့ကို ဘယ်တုန်းကမှ ထုတ်မပြခဲ့ကြောင်း အလန်က ဆိုပါတယ်။

Heritageရဲ့ အဆိုအရ ကွယ်လွန်ခဲ့သူ အမျိုးသမီးကြီးဟာ သူ့အစ်ကိုနဲ့အတူ ကမ္ဘာ့ စီးပွားရေး ဆိုးဆိုးရွားရွား ကျဆင်းမှုကာလ The Great Depressionနဲ့ ဒုတိယ ကမ္ဘာစစ် အစောပိုင်း ကာလတွေတုန်းက ရုပ်ပြစာအုပ်တွေ ဝယ်ယူစုဆောင်းထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရှာတွေ့ခဲ့တဲ့ Superman ရုပ်ပြဟာ အရမ်း ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတဲ့ အခြေအနေမျိုး ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ကမ္ဘာကျော် စူပါဟီးရိုးဇာတ်ကောင် Supermanကို စတင် မိတ်ဆက်ခဲ့တဲ့ ၁၉၃၈ ခုနှစ်ထုတ် နောက်ထပ် ရုပ်ပြစာအုပ် ကော်ပီတစ်အုပ်ကို မနှစ်တုန်းက လေလံတင်ရာမှာ ဒေါ်လာ ၆ သန်း ရရှိခဲ့ပါတယ်။ အဲဒီစာအုပ်ကို ဝယ်ယူခဲ့တဲ့ အချိန်က ညီအစ်ကို သုံးယောက်ရဲ့ အမေ ဝယ်ယူစုဆောင်းခဲ့တုန်းကထက် တစ်နှစ်ပိုစောပေမယ့် စာအုပ်ရဲ့ အခြေအနေကတော့ နည်းနည်း ပိုပြီး ယိုယွင်းထားတယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ