Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်အရှေ့ခြမ်းစစ်တပ်ဗုံးကြဲက​လေးငယ်အပါအဝင်ပြည်သူ၅ဦးသေဆုံးပြီး၅ဦးဒဏ်ရာရ

က​လေးငယ်တစ်ဦးအပါအဝင် ဒဏ်ရာရသူ ၂ ဦးအ​ခြေအ​နေစိုးရိမ်​နေရ

ဝက်လက်နယ်က နတ်မှော်ဦးကျေးရွာကိုလေကြောင်းတိုက်ခိုက်ခံရအပြီးပျက်စီးမှုများ။ ဓာတ်ပုံ - Wetlet informational Network

ဒီဇင်ဘာ၂၊၂၀၂၅။မေ၊မိုမို/ People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းက နတ်မှော်ဦးရွာကို စစ်တပ်က မနေ့ညပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကလေးငယ်တဦးအပါအဝင် ၅ဦး သေဆုံးကာ ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ​တွေက​ပြောပါတယ်။

ဒီဇင်ဘာလ၁ရက်၊ည၁၂နာရီကျော်မှာ စစ်တပ်က လေယာဉ်နဲ့ ဝက်လက်မြို့နယ်အရှေ့ခြမ်းက နတ် မှော်ဦးရွာထဲကို ဗုံးကြဲချခဲ့တာဖြစ်ပါတယ်။

ဗုံးကြဲခံရမှု​ကြောင့် ဒီဇင်ဘာလ​ဆောင်း အ​အေးပို​နေချိန် အိပ်ပျော်နေတဲ့ ပြည်သူတွေရဲ့နေအိမ်၃လုံး ပေါ်ကျပြီး မီးလောင်ခဲ့သလိုအသက်၂၅နှစ်အရွယ်ကိုရှိုင်းကို၊အသက်၂၂နှစ်အရွယ် မောင်​မောင်ဝင်း၊အသက်၄၀ အရွယ် ကိုရန်နိုင်ဝင်း၊ ကိုရှိုင်းကိုရဲ့ ဇနီးဖြစ်သူ အသက်၂၄နှစ်အရွယ် မစုမြတ်လင်းနဲ့ အသက်၂နှစ်အရွယ် ရွှေဘုံစံတို့ သေဆုံးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကိုမောင်မောင်ဝင်းက မစုမြတ်လင်းရဲ့ မောင်ဖြစ်တယ်။နောက် ကိုရန်နိုင်လင်းကအကို ဖြစ်တယ်။ပြောမယ်ဆို မိသားစုတစ်ခုလုံး ဆုံးသွားကြတယ်။ ဒဏ်ရာရတဲ့သူ တွေမှာလည်း ခေါင်းကိုထိတဲ့တစ်ယောက်နဲ့ မျက်လုံးဖောက်မှန်တဲ့ကလေး ရဲ့အခြေအနေက စိုးရိမ်ရတယ်”လို့ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတဦးက​ပြောပါတယ်။

ဒဏ်ရာရသူ​ငါးဦးထဲမှာလည်းကလေးငယ်တဦးပါဝင်​နေပြီး က​လေးငယ်နဲ့ ​အခြားတစ်ဦးရဲ့ဒဏ်ရာအခြေအနေက စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ၁ရက် ည ၁၂ နာရီကျော်မှာ ဝက်လက်နယ်က နတ်မှော်ဦးကျေးရွာကို တံတားဦးလေတပ်ကတက်လာတဲ့ J-Fighter တစီးနဲ့ ပေါင် ၂၅၀ဗုံးသီး နှစ်လုံးကြဲတိုက်ခိုက်ခဲ့တာလို့ Wetlet informational Network က ထုတ်ပြန်ပါတယ်။

ဒေသခံတဦးက”ဝုန်းခနဲကျပြီး မီးတောက်ကြီးမြင်လိုက်ရတာပဲ။အခုထိ သစ်ပင် တွေမီးလောင်ပြီးရဲ နေသေးတယ်။တအားအေးနေတော့ အကုန်အိပ်နေကြပြီ။ဘယ်သူမှလည်းဒီအအေးထဲထ ‌‌‌‌‌‌‌‌မပြေးနိုင်ကြဘူး။လာကြဲရင် အကုန်အသေခံရမှာပဲ၊”လို့ ပြောပါတယ်။

တိုက်ပွဲလည်းမရှိသလို PDFစုဖွဲ့တာမျိုးလည်း မရှိဘဲ စစ်တပ်က လေကြောင်းက​နေ ဗုံးလာကြဲတာဖြစ်ပြီး ၃ကြိမ်တိုင် ဗုံးလာကြဲခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီက ဝက်လက်မြို့နယ်ရဲ့ အနောက်ခြမ်းက ရွာသာကြီးကျေးရွာကို အထိုင်ချပြီး စစ်ကြောင်းထိုးနေတာရှိပါတယ်။အဲဒီစစ်ကြောင်းတွေက အရပ်သားပြည်သူ ၃၀ထက်မနည်းကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးတာအပြင် ငါးဦးထက်မနည်းကို သတ်ဖြတ်ထားတာရှိပါတယ်။

နိုဝင်ဘာ ၂၇ ရက်ကလည်း ဝက်လက်မြို့နယ်၊အောင်ချမ်းသာရွာသစ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်က ပြည်သူတွေကိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ် နေပြီး နိုဝင်ဘာလ၃၀ ရက်‌​နေ့ကတကောင်းမြို့ လေကြောင်းတိုက်ခံရမှုမှာလည်း ပြည်သူ ၃ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်