Connect with us

Hi, what are you looking for?

ဆောင်းပါး

မုံရွာက တကိုယ်တော်ကျားဖြန့် သိန်း ၇၀၀၀ ကျော် ဘယ်လိုလိမ်သွားသလဲ

မုံရွာမြို့ဟာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတစ်ခုပါ။ တိုက်ပွဲတွေပတ်လည်ဝိုင်းနေတဲ့မုံရွာမြို့ဟာ စစ်ကောင်စီရဲ့အမျိုးစုံ ဖိနှိပ်မှုတွေကြားမှာ မနည်းရှင်သန်အောင် ရပ်တည်နေရတယ်။ နေ့စဥ်ပေါ်တာဆွဲတာတွေရှိတယ်။ အကြမ်းဖက် ဖမ်းဆီး ငွေညှစ်တာတွေရှိတယ်။ ဓါးပြတိုက် လုယက် ပြန်ပေးဆွဲတာတွေရှိတယ်။အဲဒီလိုအခြေအနေကြားမှာပဲ မုံရွာမြို့က စီးပွားရေးသမား လုပ်ငန်းရှင် ၂၀ ကျော် ငွေအလိမ်ခံလိုက်ရပါတယ်။ ဆုံးရှုံးသွားတဲ့ပမာဏက ကျပ်သိန်းခုနှစ်ထောင်ကျော်ပါတဲ့။

မုံရွာမြို့လယ် ​တ​နေရာကို အ​ပေါ်စီးမှ​တွေ့ရစဥ်(ပုံ​ဟောင်း)။ ဓါတ်ပုံ- Monywa Skyline

Scorpio/People’s Spring

မုံရွာမြို့ဟာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတစ်ခုပါ။ တိုက်ပွဲတွေပတ်လည်ဝိုင်းနေတဲ့မုံရွာမြို့ဟာ စစ်ကောင်စီရဲ့အမျိုးစုံ ဖိနှိပ်မှုတွေကြားမှာ မနည်းရှင်သန်အောင် ရပ်တည်နေရတယ်။ နေ့စဥ်ပေါ်တာဆွဲတာတွေရှိတယ်။ အကြမ်းဖက် ဖမ်းဆီး ငွေညှစ်တာတွေရှိတယ်။ ဓါးပြတိုက် လုယက် ပြန်ပေးဆွဲတာတွေရှိတယ်။အဲဒီလိုအခြေအနေကြားမှာပဲ မုံရွာမြို့က စီးပွားရေးသမား လုပ်ငန်းရှင် ၂၀ ကျော် ငွေအလိမ်ခံလိုက်ရပါတယ်။ ဆုံးရှုံးသွားတဲ့ပမာဏက ကျပ်သိန်းခုနှစ်ထောင်ကျော်ပါတဲ့။

သိန်းခုနှစ်ထောင်ကျော်ဆိုလို့ အဖွဲ့လိုက်များ လာလိမ်သွားတာလားထင်ကြမယ်။ မဟုတ်ပါဘူး။ အသက် ၂၅ ဝန်းကျင် အမျိုးသမီးငယ်တစ်ယောက်တည်းကပဲ လိမ်လည်သွားခဲ့တာပါ။ သူလိမ်သွားတာ ငွေကြေးတစ်ခုတည်းတင်မဟုတ်ပါဘူး။ အလိမ်ခံရတဲ့သူတွေရဲ့ ဂုဏ်သိက္ခာတွေကိုပါ ချနင်းသွားခဲ့တာပါ။

လိမ်လည်ခံရတဲ့သူတွေထဲကတစ်ယောက်ကတော့ ကို​​​ဇော်(အမည်လွှဲ)ပါ။ကို​​​ဇော်က လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်ပါတယ်။ကို​​ဇော်မုံရွာမှာ နေစဥ်ကရင်းနှီးတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။ အဲဒီအမျိုးသမီးက လူသိလည်းများတယ်။ ဆိုရှယ်လည်းကျတယ်။

Public Service Announcement

Public Service Announcement

ကို​​ဇော် ကို တရက်မှာ အဲဒီအမျိုးသမီးက မက်ဆင်ဂျာကနေ ပြောလာတယ်။ လုပ်ငန်းလေးတစ်ခုလုပ်ဖို့ရှိလို့ ငွေထည့်မလားပေါ့။ ကိုအောင်နဲ့သိတဲ့ မုံရွာက စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါထားတယ်လို့ ပြောပြတယ်။ “ဒီအမဆို သိန်း ၃၀၀ ပါထားတာ။ ဒီအမဆို သိန်း ၄၀၀ ပါထားတာ။” စသဖြင့် ပြောပြတယ်။

သူကဘယ်လိုအလုပ်လုပ်မှာလဲဆိုတော့ ချင်းတွင်းအထက်ပိုင်းမှာ ရွှေမျောလုပ်သူတွေရှိတယ်။ မျောတက်တဲ့သူတွေက ဆီလို လို့မို့လို့ တင်ခါနီးကျ ငွေလိုလို့ရှိရင် သူ့ဆီငွေလှည့်ပါသတဲ့။ “ငွေမပေါ်လို့ရှိရင် ယူသုံးတာ။ ဟိုဘက်က ငွေအများကြီးထွက်သွားလို့ရှိရင်အဲကျဖောဖောသီသီပြန်ပေးနိုင်တယ်။”လို့ သူက ပြောပြသတဲ့။

နောက်ပြီး မုံရွာမှာ 2D၊ 3D ဒိုင်လုပ်နေတဲ့သူတစ်ယောက်က အဲဒီအမျိုးသမီးဆီကို ငွေတွေလှည့်လိုတဲ့သဘောမျိုး ပြောတယ်တဲ့။အဲဒီဒိုင်ကို ကို​ဇော်လည်း သိတယ်။ ဒိုင်က သူ့အနေအထားနဲ့ ပြောပြရမှာရှက်လို့ အကူအညီတောင်းတာတဲ့။

“ကျနော်တို့က ကာယကံရှင်နဲ့ စကားမပြောလိုက်ရတာ အကြီးဆုံးအမှားဖြစ်သွားတယ်။”လို့ ကို​ဇော်က ပြောပြတယ်။

ကို​ဇော်လည်း အဲဒီအမျိုးသမီးကလည်း ကိုယ်နဲ့ရင်းနှီးတယ်။ သူ့ဆီထည့်ထားသူတွေကလည်း ကိုယ်နဲ့သိသူတွေမို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ငွေပမာဏတစ်ခု စထည့်လိုက်ပါတယ်။

ငွေထည့်ပြီး မကြာခင်မှာပဲ အဲဒီအမျိုးသမီးဟာ ကိုအောင့်ကို ထပ်ပြောလာတယ်။ ကို​ဇော်နဲ့သိတဲ့ မုံရွာက စီးပွားရေးသမားတစ်ယောက်ရဲ့ Facebok post ကို Screen Shoot ရိုက်ပြီးပြတယ်။ အဖေကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရတဲ့အကြောင်း Post ပါ။

အဲဒီစီးပွားရေးသမားက သူ့အဖေဆေးရုံတက်နေရလို့ ငွေလိုလို့ သူ့ဆီအကူအညီတောင်းနေတာလို့ ပြောတယ်။ ကို​ဇော်နဲ့လည်း ရင်းနှီးသူတွေပါ။ အဲဒါကို​ဇော် ကူညီပေးနိုင်မလားဆိုတော့ ကို​ဇော်လည်း မိဘကျန်းမာရေးကိစ္စဆိုတော့ ကူညီချင်တာနဲ့ ရပါတယ်ပြောလိုက်တယ်။ ပထမအကြိမ် သိန်းတစ်ရာ၊ ဒုကြိမ် သိန်း ၁၅၀ လွှဲပေးလိုက်တယ်။ လွှဲပေးရတာကလည်း စီးပွားရေးသမားရဲ့ အကောင့်ကိုပါ။အဲဒီမှာကို​ဇော်ကပိုလို့ယုံကြည်သွားခဲ့တယ်။

ဖြစ်ချင်တော့ စီးပွားရေးသမားရဲ့ ဖခင်ကလည်းဆုံးသွားတယ်။ အဲဒီမှာ အမျိုးသမီးက ထပ်ပြောလာတယ်။ နာရေးစရိတ်လိုလို့တဲ့ သိန်းတစ်ရာထပ်ပေးလို့ရလားတဲ့။ ကို​ဇော်လည်း ထပ်ကူညီလိုက်ပြန်တယ်။ “လွှဲရမယ့်အကောင့်ကလည်း အဲဒီ နာ​ရေးရှင်ရဲ့အကောင့်ကိုပဲ လွှဲခိုင်းတယ်။ အဲဒီတော့ပိုယုံသွားတယ်”လို့ ကို​ဇော်က ပြောတယ်။

နောက်ထပ်လည်း ကို​ဇော်နဲ့ဆွေမျိုးမကင်းတဲ့သူကို ချေးပေးဖို့ဆိုပြီး သိန်းတစ်ရာထပ်ချေးတယ်။ ကို​ဇော်လွှဲပေးလိုက်မိတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့မှာတော့ အဲဒီအမျိုးသမီးထွက်ပြေးတဲ့သတင်းကြားလိုက်ရတယ်။ အဲဒီမှာ သူပြောကိုယ်ပြောနဲ့ အလိမ်ခံရသူ ၂၀ ကျော်လောက်ရှိနေတာ သိလိုက်ရတယ်။ ငွေပမာဏလည်း သိန်း ခုနှစ်ထောင်ကျော်ရှိခဲ့တယ်။ မုံရွာမြို့ကလူငယ်တွေ၊ ဆိုင်ပိုင်ရှင်တွေ အလိမ်ခံလိုက်ရတာပါ။

အချင်းချင်း စကားတွေ စပ်မိကြတော့မှ သိရတာက နာရေးရှင်ကလည်း ကို​ဇော် ဆီက ငွေလိုလို့ချေးခိုင်းတာမဟုတ်ဘူး။ အမှန်က နာရေးရှင်ကို အဲဒီလိမ်တဲ့အမျိုးသမီးက ငွေပေးစရာရှိတာပါ။ အဲဒါကို နာရေးရှင်ကပဲ ချေးသလိုနဲ့ ကို​ဇော်က ငွေလွဲပေးလိုက်ရတာပါ။

တခြားသူတွေဆီကိုလည်း အဲဒီလိုလုပ်တာပါ။ ဒီကငွေ ဟိုပို့၊ ဟိုကငွေဒီပို့နဲ့ ကုလားဖန်ထိုးသွားခဲ့တာပါ။

“ယုံလို့အလိမ်ခံရတာ မဟုတ်ဘဲ ဘဏ်အကောင့်တွေ ၂ လတိတိအကွက်ချလိမ်လည်သွားတာ”လို့ ကို​ဇော်က ပြောတယ်။

အလိမ်ခံရသူတွေခမျာ ငွေပါရုံတင်မကဘဲ သူတို့နာမည်တွေပါ အလွဲသုံးစားလုပ်ခံလိုက်ရတာပါ။

“အကုန်လိုက်ရှင်းပြရတယ်။ငါမဟုတ်တဲ့ကြောင်း။ အရှက်တွေကို ကွဲလို့”လို့ အလိမ်ခံရတဲ့ အမျိုးသမီးတစ်ဦးက ပြောပြတယ်။

မုံရွာမြို့မှာ ကြိုးစားတဲ့၊ ယုံကြည်ရတဲ့ လူမှန်နာမည်မှန် စီးပွါးရေးသမား ဆိုင်ပိုင်ရှင်အများစုကြားကို တယောက်နာမည် တယောက်စီသုံးပြီးအွန်လိုင်းကျားဖြန့်ဆန်ဆန် လိမ်လည်သွားတာလို့ အလိမ်ခံရသူတစ်ဦးက ပြောတယ်။

“စီးပွါးရေးလည်ပတ်နေတဲ့သူတွေကြား မပြောပလောက်တဲ့ပမာဏတွေစုပြီးလိမ်သွားရင်းမထင်မှတ်တဲ့ပမာကကိုရသွားတာ။ ဒီဖြစ်စဉ်မှာ နစ်နာသူတွေရဲ့အကြီးဆုံးအမှားကတော့ ကျွန်တော်တို့ကာယကံရှင်တွေ စကားမပြောမိကြတာက ဟာကွက်ပါ။”လို့ကို​ဇော်က နောင်တစကားဆိုပါတယ်။

အခု နစ်နာသူတွေက ငွေထက် နာမည်တွေအသုံးချပြီး လိမ်လည်ခံရတာကို မကျေနပ်နိုင်ဖြစ်ကြတာပါ။

နောက်ထပ် အလိမ်ခံရတဲ့ အမျိုးသမီးတစ်ယောက်ကြုံရတာကျ ပိုဆိုးပါတယ်။ သူ့ကို မုဒိန်းကျင့်ခံထားရပြီး ဘဝပျက်နေသူလို့ ပြောပြီး တခြားသူတွေဆီ သူ့နာမည်သုံး ငွေတွေချေးခဲ့တာပါ။ သူ့ဆီကနေလည်း မိသားစုအရေးအကြောင်းပြပြီး အလီလီအခါခါချေးတာကသိန်း၂၀၇သိန်းတိတိ ပါသွားခဲ့ပါသေးတယ်။

“သူကမုံရွာမြို့ရဲ့လုပ်ငန်းလုပ်နေသူတွေ သူ့ဆီငွေထည့်တာကိုအယုံသွင်းပြတယ်။ ပြတာလဲအုပ်စုလိုက်ပြရင်သူဒီလောက်ငွေယူနေတာများရင် ရိပ်မိမှာဆိုးတော့ ၃ဦး ၃ဦးချင်းခွဲပြတာ။ ပေးထားသူ ၃ဦးကို ၅ ယောက်လောက်ပြထပ်ယူ နောက်ထပ်ပေးထားသူ၃ဦးကို၅ယောက်လောက်ထပ်ယူ အဲ့လိုလုပ်တာ”လို့ သူက ပြောပြတယ်။

အခုတော့ အဲဒီလိမ်တဲ့အမျိုးသမီးဟာ သိန်းခုနှစ်ထောင်ကျော်ပိုက်ပြီး မိသားစုနဲ့အတူ မုံရွာမြို့ကနေ ထွက်ခွာသွားပါပြီ။ အလိမ်ခံရတဲ့သူတွေကတော့ သူတို့ငွေတွေ ပြန်ရဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို