Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်က တိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ်မှာ အိမ် ၉ လုံး ထိခိုက်ပျက်စီး

စစ်တပ်ထိခိုက်ဒဏ်ရာရသူများလို့ KK Park ထဲကအ​ဆောက်အအုံတစ်လုံးကို​ရှေ့တန်း​ယာယီဆေးရုံလုပ်ထားလို့ထိုင်းသတင်းဌာန​တွေ​​ဖော်ပြ

ဓာတ်ပုံ - Khaosod/File

ဒီဇင်ဘာ-၄၊၂၀၂၅။People’s Spring

မြန်မာဖက်က တိုက်ပွဲတွေကနေ လွင့်စင်လာတဲ့ ကျည်ဆန်တွေနဲ့အစအနတွေထိမှန်လို့ထိုင်းနယ်စပ်မှာအိမ်၉ လုံးထိခိုက်မှုတွေရှိခဲ့ကြောင်းဘန်​ကောက်ပိုစ်သတင်းစာက​ဖော်ပြပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက မင်းလက်ပံ ကျေးရွာတဝိုက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အာဏာသိမ်း စစ်တပ်နဲ့ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်(KNLA)ကြားပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။

အဲဒီ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဖက်ခြမ်း မဲဆောက်ခရိုင် နယ်စပ်မှာလက်နက်ကြီးကျည်နဲ့ လက်နက်ငယ်ကျည်တွေ လမ်းချော် ကျရောက်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာဖက်ခြမ်းက တိုက်ပွဲတွေက နိုင်ငံရဲ့ နယ်စပ် လုံခြုံရေးကို ထိခိုက်စေလာနိုင်တာကြောင့် ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက နယ်စပ်ကို ၇ ရက် ပိတ်ထားမယ်လို့လည်း ကြေညာထားပါတယ်။

ဒီဇင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့တွေအတွင်း နယ်စပ်ကျေးရွာ ၃ ခုထက်မနည်းမှာ မြန်မာဖက်က လက်နက်ငယ်ကျည် ထိမှန်တဲ့ အိမ် ၉ လုံး ရှိခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းစစ်တပ်ဟာ နိုင်ငံပိုင်နက်ဖက် လမ်းချော် ကျရောက်ခဲ့တဲ့ လက်နက်ကြီး အစအနတွေကိုလည်း ရှင်းလင်းသိမ်းယူခဲ့ရပါတယ်။အဲဒီထဲမှာ ၅.၅၆ မမနဲ့ ၇.၆၂ မမကျည်ဆန်တွေအပြင် ၆၀ မမ မော်တာ ကျည်တွေပါ ပါဝင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ထိ မြန်မာဖက်ခြမ်းမှာ ပစ်ခတ်သံတွေ ကြားနေရဆဲလို့ ဒေသခံတွေက ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ရှေ့တန်းမှာ ထိခိုက်မှုတွေ များပြားနေတာကြောင့် KK Parkထဲက အဆောက်အအုံ တစ်ခုကို ရှေ့တန်း စစ်ဆေးရုံအဖြစ် ယာယီ အသုံးပြုနေရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

စစ်တပ်ဟာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ရင်းအချို့နဲ့ ပူးပေါင်းပြီး KNU ဖမ်းဆီးထားတဲ့ကျားဖြန့်ရုံရှိတဲ့​နေရာဘက်ကိုထိုးစစ်ဆင်နေတယ်လို့ မင်းလက်ပံဒေသတိုက်ပွဲမှာပါဝင်နေတဲ့တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“စကစတော့ BGFနဲ့ ပေါင်းချတာ သူတို့ထိခိုက်မှုရှိတယ်”လို့ ရဲဘော်က ပြောပါတယ်။ဒါ့အပြင် စစ်ကောင်စီပူးပေါင်းတပ် အထိနာနေတယ်လို့လည်း သူကဆက်ပြောပါတယ်။

အနည်းဆုံးစစ်သား ၂၅ ယောက်လောက် ဒဏ်ရာရခဲ့တဲ့အတွက် အခုလိုမျိုး ရှေ့တန်း ယာယီ ဆေးရုံကို စစ်တပ်က ဖန်တီးယူခဲ့တာလို့ သိရပါတယ်။ KK Park ဟာ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ခဲ့တဲ့ နေရာဖြစ်ပြီး နောက်ပိုင်းမှာတော့ စစ်တပ်က ထိန်းချုပ် သိမ်းယူထားခဲ့တာပါ။

ထိုင်းနယ်ခြားစောင့်တပ်ကတော့ မြန်မာဖက်ကနေ လက်နက်ကြီးကျည်ဆန်တွေထိုင်းဖက်ကို ကျရောက်ခဲ့တဲ့ အခါတိုင်း ထိုင်းကလည်း သတိပေးတဲ့ သဘောမျိုး မော်တာကျည်တွေနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ ထိုင်းစစ်တပ်ဟာ နယ်စပ်လုံခြုံရေးကို တင်းကျပ်ထားပြီး အချုပ်အခြာ ပိုင်နက် ထိခိုက်မှု မရှိစေဖို့၊ ပဋိပက္ခတွေ ထိုင်းပိုင်နက်ဖက် ရောက်မလာစေဖို့ အထူးကြပ်မတ် စောင့်ကြည့်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ကိုးကား- Bangkok Post

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။