Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ နိုက်ကလပ် မီးလောင်ပြီး လူနှစ်ဒါဇင်နီးပါး သေဆုံး

အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ဂိုအာပြည်နယ်ထဲမှာ နိုက်ကလပ်တစ်ခု မီးလောင်မှုကြောင့် လူနှစ်ဒါဇင်နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ဂိုအာပြည်နယ်ထဲမှာ နိုက်ကလပ်တစ်ခု မီးလောင်မှုကြောင့် လူနှစ်ဒါဇင်နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကမ်းရိုးတန်း ပြည်နယ် တစ်ခုဖြစ်တဲ့ ဂိုအာမှာ ဒီဇင်ဘာ ၆ ရက်ည သန်းခေါင်ယံ ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ လူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများစုဟာ နိုက်ကလပ် ဝန်ထမ်းတွေလို့ ယုံကြည်ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဂိုအာမြောက်ပိုင်း၊ အာပိုရာမြို့မှာ ဖြစ်ပွားတဲ့ မီးလောင်မှုအတွင်း ကမ္ဘာလှည့်ခရီးသည် တချို့လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်မှု အကြောင်းရင်းကို တိတိကျကျ အတည်မပြုသေးပေမယ့် နိုက်ကလပ် မီးဖိုခန်းထဲက ဂက်စ်အိုး ပေါက်ကွဲရာက စတင်တယ်လို့ ရဲတွေက ယူဆထားပါတယ်။

ဂိုအာမှာ ဖြစ်ပွားခဲ့တဲ့ မီးဘေးသင့်မှု အကြောင်းကို ကြားသိရတဲ့အတွက် အထူးစိတ်မကောင်း ဖြစ်မိကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မီးဟာ သန်းခေါင်ယံ အချိန်လောက်မှာ စတင်လောင်ကျွမ်းခဲ့ပြီး နာရီပိုင်း အကြာမှာ ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ရုပ်အလောင်း အများစုကိုတော့ မီးဖိုတဝိုက်မှာ ရှာတွေ့ခဲ့ပြီး ဝန်ထမ်းတွေ ဖြစ်လိမ့်မယ်လို့ ယူဆရကြောင်း ဂိုအာပြည်နယ် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် အေလာ့ခ် ကူးမားက ပြောကြားခဲ့ပါတယ်။

ဂိုအာ ပြည်နယ် အုပ်ချုပ်ရေးမှူး ပရာမော့ဒ် ဆန်ဝတ်ထ်က သေဆုံးသူတွေထဲမှာ ၃ ဦးဟာ မီးလောင်ဒဏ်ရာတွေကြောင့် အသက်ဆုံးရှုံးခဲ့တာဖြစ်ပြီး ကျန်တာတွေကတော့ အသက်ရှူကျပ်သွားခဲ့တာလို့ ပြောပါတယ်။ သူက ကမ္ဘာလှည့် ခရီးသည် သုံးယောက်၊ လေးယောက်လောက်လည်း သေဆုံးစာရင်းထဲမှာ ပါဝင်ခဲ့တယ်လို့ အတည်ပြုပေမယ့် နိုင်ငံသားတွေနဲ့ အသက်အရွယ်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

မီးလောင်မှု ဖြစ်ပွားတဲ့ နိုက်ကလပ်ဟာ အာပိုရာမြို့ရဲ့ ညဖက်အပြင်ထွက် လည်ပတ်သူတွေနဲ့ စည်ကားတဲ့ ဇုန်နေရာ တစ်ခုမှာ ပါဝင်ပါတယ်။ ပြီးတော့ နိုက်ကလပ်တွေ၊ ဘားတွေ အများအပြားရှိပြီး ညပိုင်းမှာ ဒေသခံတွေရော၊ ကမ္ဘာလှည့် ခရီးသည်တွေနဲ့ပါ စည်ကားနေတတ်ပါတယ်။

ဆန်ဝတ်ထ်က မီးလောင်မှု၊ လူသေမှုတွေနဲ့ ပတ်သက်ပြီး တရားဝင် အမှုဖွင့်၊ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ