Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ် ကျေးရွာနှစ်ရွာကို စစ်တပ်မီးရှို့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့လို့ နဂါးတွင်းနဲ့ ပေါက်ပင်ရွာက အိမ်ခြေ ၅၁လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

နဂါးတွင်းရွာရှိ နေအိမ်တချို့ စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးခံရစဥ်။ ဓာတ်ပုံ - မုံရွာပကဖ

ဒီဇင်ဘာ-၁၆၊ ၂၀၂၅။ ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့လို့ နဂါးတွင်းနဲ့ ပေါက်ပင်ရွာက အိမ်ခြေ ၅၁လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ဒီဇင်ဘာ ၁၅ ရက် မနေ့ မနက် ၁၁နာရီဝန်းကျင်က မုံရွာမြို့တောင်ဘက် စစ်အုပ်စုအထိုင်ချထားတဲ့ စွမ်းရည်ထက် ဆီဆိုင်ကနေထွက်လာတဲ့ အင်အား ၁၅၀ ကျော်ပါ စစ်အုပ်စုက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆည်ကြီးတောရွာကို ဝင်မွှေကာ ဖောက်ထွင်းလုယက်ယူခဲ့ပြီး နဂါးတွင်းနဲ့ ပေါက်ပင်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

နဂါးတွင်းရွာရှိ နေအိမ်တချို့ စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးခံရစဥ်။ ဓာတ်ပုံ – မုံရွာပကဖ

“ဆည်ကြီးတောကတော့ မီးရှို့ခံရတာ မရှိပေမယ့် အိမ်တွေ ဖောက်ထွင်းခိုးယူခံခဲ့ရပါတယ်”လို့ မုံရွာမြိုနယ်ပကဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတွေက စစ်ကြောင်းတွေ ဝင်လာကတည်းက ရှောင်တိမ်းနေကြတာမို့ ဖမ်းဆီးခံရတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီနေ့မှာ အဲဒီစစ်အုပ်စု စစ်ကြောင်း ပြန်သွားတာကြောင့် ဒေသခံတွေ နေရပ်ပြန်ဝင်ပြီး ရှင်းလင်းရေးတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ နေသလို လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။