Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမှာ စစ်ကောင်စီတပ်ကို PDFတွေတိုက်ခိုက်၊ ဗိုလ်အပါအဝင် ၁၂ဦးသေပြီးလက်နက်အချို့ရဟု ဗျူဟာ(၂၂)ထုတ်ပြန်

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ဒမငယ်ကျေးရွာစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ ဗျူဟာ (၂၂)က ထုတ်ပြန်ပါတယ်။

နတ်တလင်းမှာ စစ်ကောင်စီတပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ဗျူဟာ-၂၂

ဒီဇင်ဘာ-၁၆၊ ၂၀၂၅။ ဆန်အောင်၊ဇော်ဝင်း/People’s Spring

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ဒမငယ်ကျေးရွာစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ ဗျူဟာ (၂၂)က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ၁၂ရက် ညပိုင်းမှာ အင်အား ၇၀လောက်နဲ့ စစ်ကြောင်းထိုးဝင် ရောက်လာလို့ PDF အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ပဲခူးတိုင်းစစ်ဌာ၊ ဗျူဟာ (၂၂)ကွပ်ကဲမှုအောက်ရှိ သာယာဝတီခရိုင်တပ်ရင်း -၁ရဲ့တပ်ခွဲ (၂၊၃၊၄၊၆၊၇) ၊တပ်ရင်းဒရုန်းတပ်ဖွဲ့ ၊ သာယာဝတီခရိုင်တပ်ရင်း -၂ ရဲ့ တပ်ခွဲ -၁နဲ့ နတ်တလင်း ပကဖ ၊ဇီးကုန်း ပကဖ ၊Spring Bees UAV Forceတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

တိုက်ပွဲဟာ မိနစ် ၅၀လောက် ကြာမြင့်ခဲ့ပြီး စစ်ဗိုလ်အပါအဝင် ၄ဦးသေဆုံးခဲ့သလို စစ်တပ် က ရုပ်အလောင်း ၇လောင်းကို ကားနဲ့လာယူသွားတာကြောင့် စုစုပေါင်း သေဆုံးသူ ၁၁ဦးရှိတယ်လို့ ဗျူဟာ (၂၂)တာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲမှာ PDF ပူးပေါင်းတပ်က ရဲဘော် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း အသိပေးပါတယ်။

ဆက်လက်တင်းမာနေတဲ့ စစ်ရေးအရ တိုက်ပွဲရဲ့ အခြေအနေ အသေးစိတ်ကို စောင့်ဆိုင်းပေးဖို့ ဗျူဟာ(၂၂)တာဝန်ရှိသူက မေတ္တာရပ်ခံပါတယ်။

“အခုဘဲ စစ်ကြောင်းတွေ တက်လာတယ်”လို့ သူက လူထုနွေဦးကို ပြောပါတယ်။

ဒီဇင်ဘာ ၁၄ရက်မှာလည်း ဒမငယ်တိုက်ပွဲက လူကွဲထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သား တစ်ဦးနဲ့ တော်လှန်ရေးရဲဘော်တွေ ထိတွေမှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဗျူဟာ (၂၂)က ထုတ်ပြန်ပါတယ်။ ဒါကြောင့် တိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးသူ ၁၂ဦးရှိခဲ့ပါတယ်။

စစ်ကောင်စီထံက MA 1- ၁လက်၊ MA 11- ၁လက်၊ MA 5- ၁လက် နဲ့ စကားပြောစက်၊ကျည်ဘောက်၊ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာအပြင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာ၊ ပါရာမော်တာနဲ့ ဗုံးကြဲတာတွေလုပ်ဆောင်နေတယ်လို့ ဗျူဟာ (၂၂)တာဝန်ခံက ပြောပါတယ်။

“ပြည်သူတွေ အနေနဲ့ လက်ရှိအခြေအနေတွေမှာ ရန်သူ လေကြောင်းရန် ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတွေ တူးပြီးနေထိုင်ကြဖို့နဲ့ ရန်သူစစ်ကြောင်းတွေနဲ့ ဝေးရာမှာ နေထိုင်ဖို့ပါပဲ။ ဒီကာလမှာ ပြည်သူတွေလည်း အထူးဂရုစိုက်ကြပါ” လို့ ဗျူဟာ( ၂၂) တာဝန်ခံက ပြောပါတယ်။

PDF ဗျူဟာ (၂၂) အနေနဲ့ နိုဝင်ဘာက သာယာ၀တီခရိုင် အတွင်း လက်ပံတန်း၊ နတ်တလင်း၊ ပေါင်းတည်၊ ကြို့ပင်ကောက်၊ ဇီးကုန်း စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဂိတ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်တာ၊လက်နက်တွေ သိမ်းရတာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook