Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်မှာအရေးကြီးကာလ​ကြေညာ

ကရင်နီပြည်နယ်မှာ ဒီကနေ့(ဒီဇင်ဘာ ၁၉ရက်)ကစပြီး အရေးကြီးကာလအဖြစ်သတ်မှတ်တယ်လို့ ကရင်နီပြည်တပ်မတော်(KA)က ထုတ်ပြန်ပါတယ်။

ကရင်နီတပ်မ​တော် တပ်ဖွဲ့ဝင်​တွေကိုတွေ့ရစဉ်။ ဓာတ်ပုံ - KA/KNPP

ဒီဇင်ဘာ – ၁၉၊၂၀၂၅၊ မိုမို/People’s Spring

ကရင်နီပြည်နယ်မှာ ဒီကနေ့(ဒီဇင်ဘာ ၁၉ရက်)ကစပြီး အရေးကြီးကာလအဖြစ်သတ်မှတ်တယ်လို့ ကရင်နီပြည်တပ်မတော်(KA)က ထုတ်ပြန်ပါတယ်။

KA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်လက်မှတ်နဲ့ ထုတ်ပြန်စာအရ ဒီဇင်ဘာ ၁၉ ရက်ကစပြီး လာမယ့်နှစ် ဇန်နဝါရီ ၅ရက်အထိ အရေးကြီးကာလအဖြစ်သတ်မှတ်တယ်လို့ ဖော်ပြပါတယ်။

ထုတ်ပြန်ချက်ကိုလည်း ကရင်နီပြည်သူလူထု၊ကရင်နီပြည် တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေနဲ့ လူမှုအသင်း အဖွဲ့တွေသိစေဖို့လို့လည်း တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ခရစ္စမတ်ချိန်ခါ နှစ်သစ်ကူးကာလမှာ လူစုလူဝေးနဲ့ ဝတ်ပြုစုတောင်းတာ၊နေထိုင်သွားလာတာနဲ့ လူစုလူ ဝေးတွေမလုပ်ဖို့လည်း သတိပေးပါတယ်။

ရန်သူစစ်ကောင်စီကလည်း သူ့အလုပ်သူလုပ်နေသလို မိမိတို့လည်း သတိကြီးစွာနေထိုင်ရေးနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ ဗိုလ်မှူးချုပ်အောင်မြတ်က တိုက်တွန်းပါတယ်။

စစ်ကောင်စီက တော်လှန်ရေးတပ်တွေရဲ့ အားနည်းချက်ကိုယူပြီး ၁၉၈၅ကနေ ဒီကနေ့အချိန်ထိ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအချိန်ကာလတွေမှာ သတ်ဖြတ်တာ၊ရာဇဝတ်မှုကျူးလွန်တာနဲ့ ယုတ်မာမှုတွေကို ကြုံတွေ့ခံစားနေရဆဲလို့ သူက ဆိုပါတယ်။

တော်လှန်ရေးသက်တမ်း နှစ် ၅၀ကျော်ခရီးမှာလည်း နိုင်ငံရေးလိမ်လည်မှုတွေ ကြုံတွေ့ နေရပြီး ၁၉၇၄ ၊၁၉၉၀နဲ့ ၂၀၁၀တွေမှာ အာဏာရှင်အဆက်ဆက်က လိမ်လည်ခဲ့တယ်လို့ အသိပေးပါတယ်။

လာမယ့် ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက် စစ်ကောင်စီပြုလုပ်မယ့်ရွေးကောက်ပွဲမှာလည်း နိုင်ငံရေးလိမ်လည်မှု ထပ်မံပြုလုပ်မှာဖြစ်တဲ့အတွက် နီးရာဓားကြောက်နေရတဲ့ လွိုင်ကော်၊မြို့တွင်း၊မြို့ပြင်က ကရင်နီလူထုအနေနဲ့ သတိထားဖို့ ဗိုလ်ချုပ်အောင်မြတ်က သတိပေးပါတယ်။

“ကရင်နီပြည်သူလူထုက ဒီတခါနဲ့ဆိုရင် မိအေး လေးခါနာသွားပြီ။အဆုံးစွန်ရောက်သွာပြီ။ဆင်လိုက်ရှာတယ်။အကောင်တွေ့ပြီဘဲ ဆင်ကောင်မမြင် မတွေ့ ယောင်ဆောင်ပြီး ဆင်​ခြေရာလိုက်ရှာကြဦးမလား”လို့ သူက ဆက်ပြောပါတယ်။

အာဏာရှင်တွေကျဆုံးမှာ သေချာကြောင်းနဲ့ တော်လှန်ရေးကို ပါဝင်အားဖြည့်ကြဖို့ ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ်က အသိပေးပါတယ်။

“KA ရဲ့ သတိပေးမှုက လုပ်ကိုလုပ်သင့်တယ်။စကစ က အခုတောင်နေ့တိုင်းတစ်နိုင်ငံလုံး ဗုံးပတ်ကြဲနေတာ”လို့ အသက်(၅၀)ကျော်အရွယ် ကရင်နီဒေသခံတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ မယ်စဲ့၊ဖားဆောင်းနဲ့ ရှားတော မြို့နယ်ကလွဲလို့ ကျန်မြို့နယ်တွေမှာရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ဒါပေမယ့် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အလုံးစုံကန့်ကွက်တာနဲ့ ကျင်းပခွင့်ပေးမှာမဟုတ်ဘူးလို့ ကရင်နီပြည်အင်အားစုတွေက တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်ရဲဘော်တချို့က ပြောပါတယ်။

ဆောင်းပါး

ကရင်နီပြည်နယ်မှာဒေသကွပ်ကဲရေးစစ်ဌာနချုပ်အပါအဝင် အာဏာသိမ်းစစ်တပ်အခြေစိုက် တပ်ရင်း ၂၀ ကျော်ရှိပါတယ်။