Connect with us

Hi, what are you looking for?

သတင်း

ရှမ်းတောင်နဲ့ ကရင်နီပြည်အစပ်ဒေသက တော်လှန်ရေးတပ်တွေစုစည်းပြီး အမှတ်(၁)အယ်လ်ဖာစစ်ဒေသ တပ်ပေါင်းစုအဖြစ်ဖွဲ့စည်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။

ဧပြီ-၂၁၊၂၀၂၆။ဇော်ဝင်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။

အမိန့်စီးဆင်းမှုတစ်ခုတည်းကနေ မဟာဗျူဟာ၊နည်းဗျူဟာကျ စစ်ရေးစီမံမှုနဲ့ တန်ပြန်တိုက်ပွဲတွေ ဖော်ဆောင်ပြီး လူထုယုံကြည်ကိုးစားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်ဖို့ ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိတော်လှန်ရေးခရီးကို တပ်ပေါင်းစုအသွင်ကနေ တော်လှန်ရေးအတွက် အောင်မြင်တဲ့ လမ်းကြောင်းတစ်ခုအဖြစ် မှတ်ယူပြီး ပုဂ္ဂိုလ်စွဲ၊ဝာပ်ဖွဲ့စွဲ၊အမည်နာမစွဲမရှိဘဲ စစ်ရေး၊နိုင်ငံရေးခံယူချက်အပါအဝင် တူညီတဲ့တပ်အလံ၊ဘတ်တံဆိပ် ဝတ်ဆင်မယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“အမှတ် (၁) အယ်လ်ဖာစစ်ဒေသမှာ နဂိုကတည်းက အထိုင်တပ်တွေဖြစ်တဲ့ KNDF တပ်ရင်းတွေပါမယ်။MOD လက်အောက်ခံ မိုးဗြဲ PDF နဲ့ အလယ်ပိုင်းတိုင်းတပ်ရင်းတွေပါတယ်”လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။

မိုးဗြဲ၊ဖယ်ခုံ၊ပင်လောင်း၊ ပေါင်းလောင်းနဲ့ နေပြည်တော်ဒေသအစပ်တွေက အမှတ်(၁) အယ်လ်ဖာစစ်ဒေသနယ်မြေမှာ ပါဝင်မှာဖြစ်ပါတယ်။

“လောလောဆယ်က ဖွဲ့စည်းမှု့အစဆိုတော့ ကျနော်တို့ မိုးဗြဲ၊ ဖယ်ခုံ တို့လောက်ပဲအရင်ဆုံး ထိန်းနိိုင်ဦးမယ်”လို့ အယ်လ်ဖာစစ်ဒေသ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အယ်လ်ဖာ စစ်ဒေသအနေနဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(DOD)၊ကရင်နီပူးတွဲ စစ်ဦးစီးကော်မတီနဲ့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ရဲ့ နိုင်ငံရေး ၊စစ်ရေးနှင့် အုပ်ချုပ်မှုထောက်ပံ့မှုအောက်မှာ တည်ရှိမှာ ဖြစ်ပါတယ်။

“လောလောဆယ်က ကရင်နီပြည် တပ်တိုင်းမပေါင်းစည်းနိင်သေးတော့ မိုးဗြဲ၊ဖယ်ခုံ လောက်ပဲဖွဲ့နိင်သေးတဲ့ အစအခြေနေမို့ အယ်လ်ဖာဆိုတဲ့ နာမည်ပေးထားခြင်းမျိုးပါပဲ။ကရင်နီ တစ်ခုလုံးပေါင်းစည်းတဲ့အခါမှ အမည်တစ်ခုပြန်လည်ပြောင်းလဲဖို့ရှိပါတယ်”လို့ အယ်လ်ဖာ စစ်ဒေသ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒါ့အပြင် ဒေသအဆင့်တပ်စုစည်းမှုကတဆင့် ကရင်နီပြည် တပြည်နယ်လုံးအတိုင်းအတာ တော် လှန်ရေးတပ်တွေစုစည်းကြမယ့်လမ်းကြောင်း ဦးတည်မယ်လို့လည်း အသိပေးပါတယ်။

“မကြာခင် ကရင်နီတစ်ခုလုံးစည်းလုံးတဲ့ဖွဲ့စည်းမှု့ပုံစံလည်းလာဦးမှာပါ”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကရင်နီဒေသမှာ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေ ပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် (UKSA)ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ဒေသခံတွေက အခုနှစ်စပိုင်းကတည်းက တိုက်တွန်းမှုတွေရှိထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ မိုးကြီးပြီး လူထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုတွေစတင်ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။