Connect with us

Hi, what are you looking for?

သတင်း

SRAစုဖွဲ့မှုဟာ စစ်တပ်ဝါဒဖြန့်သွေးခွဲမှုကို အထူးကာကွယ်ဖို့ရည်ရွယ်ချက်ပါဝင်ဟု KNDFဥက္ကဋ္ဌပြော

တော်လှန်ရေးပိုအားကောင်းစေဖို့ ငွေ၊အဆက်အသွယ်၊လူအင်အား မျှဝေသုံးစွဲတာတွေလုပ်ဖို့ရှိဟု အသိပေး

ဒီဇင်ဘာ တတိယပါတ်မှာလုပ်ခဲ့တဲ့KNDF စစ်သင်တန်းဆင်းပွဲတခုမှာ​တွေ့ရတဲ့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူး။ ဓာတ်ပုံ - KNDF

ဒီဇင်ဘာ-၂၁၊၂၀၂၅။ဆန်အောင်/People’s Spring

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) စုဖွဲ့တဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်သွေးခွဲမှုကို ကာကွယ်ဖို့နဲ့ တော်လှန်ရေးပိုအားကောင်းအောင်လုပ်ဆောင်ဖို့ ရည်ရွယ်ချက်တွေ ပါဝင်ကြောင်း SRAအဖွဲ့ဝင် ခေါင်းဆောင်တဦးဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။

KNDFကို တော်လှန်ပြည်သူတွေ ဝန်းရံကြဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ ရတနာအားမာန် စကားဝိုင်းအစီအစဉ်မှာ ခွန်းဘီထူးက အခုလို ရှင်းပြတာပါ။

SRA စုဖွဲ့မှု ရည်ရွယ်ချက်က စစ်အာဏာရှင် စနစ်ကိုဆက်ပြီးမှ တွန်းလှန်ရာမှာ အတူတကွ ညီညီညွတ်ညွတ် တွန်းလှန်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်က အဓိက ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ဒီရည်ရွယ်ချက်အောက်မှာ နံပတ်တစ်ကတော့ အားလုံး အင်အားဆုတ်ယုတ်နေတဲအခြေအနေမျိုးမှာဘယ်လိုခံစစ်တိုက်မလဲပေါ့နော်။ ပြီးတော့ ကျနော်တို့ တည်ဆောက်မှုတွေ နည်းပညာတွေကို ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ ဘယ်လိုဖလှယ်ကြမလဲပေါ့နော်။ တချို့က ငွေလေးနည်းနည်းရှိတယ် တချို့က အဆက်အသွယ်ရှိတယ် တချို့ကလည်း လူအင်အားရှိတယ်ပေါ့နော် ဒီဟာကို ကျနော်တို့ တကယ်မျှသုံးရင် ဒီတော်လှန်ရေးက ပိုပြီးမှ အားကောင်းပြီးသားပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ စုလိုက်တာ ပေါင်းလိုက်တာ တည်ဆောက်လိုက်တာတွေ ပါတယ်ပေါ့နော်။”လို့ ခွန်းဘီထူးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဝါဒဖြန့်သွေးခွဲမှုတွေ ရှိလာတာကို ရင်ဆိုင်ဖို့ ဖြစ်တယ်လို့လည်း အသိပေးပါတယ်။

“ဝါဒဖြန့်ချိတာ၊ သွေးခွဲတာတွေက ရောက်လာလိမ့်မယ်။ ဒီကိစ္စကို အထူးကာကွယ်ဖို့လိုတယ်။ ကျနော်တို့ ကြားထဲမှာ တဖွဲ့ဖွဲ့က တခြားအမြင်တွေအမျိုးမျိုးကြောင့် မို့လို့ သူများလည်း နားနေပြီ ကိုယ်နားမယ်လို့ ပြောပြီးမှ စစ်ကောင်စီကို ဒူးထောက်သွားမယ့်လူတွေလည်းရှိသွားနိုင်တာပေါ့နော်”လို့ ခွန်းဘီထူးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်ဖွဲ့တွေနဲ့သော်လည်းကောင်း ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့သော်လည်းကောင်း ထိရောက်တဲ့ ချိတ်ဆက်နိုင်မှု ဆက်သွယ်ရေးယန္တရား ပိုအားကောင်းအောင် လုပ်နိုင်ဖို့လည်းဖြစ်တယ်လို့ ပြောပါတယ်။

” ဒါကျနော်တို့ရဲ့ ညီအကိုတွေဖြစ်တယ်။ကျနော်တို့ တပ်တွေဖြစ်တယ်။ သွားလာဖို့လိုတယ်။ စစ်သင်တန်းတက်ဖို့လိုတယ်။အကူအညီပေးပါလို့ပြောတာနဲ့ အားလုံးက တပြိုင်နက်တည်းပြီးသွားတာပေါ့။ ဒီလို ရှုပ်ထွေးတဲ့ ယန္တရားတွေကို ကျနော်တို့ ကျော်လွှားနိုင်ပြီးမှ တည်ဆောက်နိုင်တယ်ပေါ့နော်။ ဒါကိုအဓိက ရည်ရွယ်ပြီးမှ SRA နွေဦးတော်လှန်ရေးမဟာမိတ်ကို ကျနော်တို့ စုဖွဲ့ထားတာဖြစ်တယ်”လို့ ခွန်းဘီထူးက ပြောပါတယ်။

SRA စုဖွဲ့ရာမှာ အားလုံးအတွက် အကျိုးဖြစ်အောင် လုပ်ဆောင်ဖို့ ဖြစ်တယ်လို့လည်း ခွန်းဘီထူးက ပြောပါတယ်။

SRA စုဖွဲ့မှု ပေါ်ပေါက်လာတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲပ တော်လှန်ရေးအင်အားစုတွေကလည်း ကြိုဆိုထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုထားပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ ပိုမိုထိရောက် အားကောင်းအောင် ပူးပေါင်းဆောင်ရွက်မယ်လို့ အသိပေးထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။