Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာအနီး ဂုတ်ကြီးစခန်းကို စစ်တပ် ၁ရက်ပဲ ထိန်းချုပ်နိုင်ပြီးပြန်ဆုတ်ခွာထွက်ပြေး

ဂုတ်ကြီးရွာနဲ့ဂုတ်ကြီးစခန်းကိုာစစ်တပ်ကပြန်ထိန်းချုပ်နိုင်​ကြောင်း ဝါဒဖြန့်ချီဖို့ စစ်သား​တွေဓါတ်ပုံရိုက်ကူးစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ

ဒီဇင်ဘာ-၂၂၊၂၀၂၅။အိမ်သွင်/People’s Spring

နတ်ရေကန်ဗျူဟာအနီးမှာအာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ ဂုတ်ကြီးစခန်းကို စစ်တပ်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် တစ်ရက်ပဲသိမ်းယူနိုင်ခဲ့ပြီးဓာတ်ပုံရိုက်ကာပြန်လည်ဆုတ်ခွာထွက်ပြေးသွားပါတယ်။

အမ်း-ပဒါန်း လမ်းပေါ်က နတ်​ရေကန် ဗျူဟာရဲ့ကာကင်းတစ်ခုဖြစ်တဲ့ ဂုတ်ကြီးစခန်းကို AA နဲ့မဟာမိတ်တပ်က ပြီးခဲ့တဲ့စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့တာပါ။ စစ်တပ်က အင်အားရာချီသုံးပြီး အောက်တိုဘာလကစပြီး ပြန်လည်စစ်​ကြောင်းထိုးတိုက်ခိုက်ခဲ့တာပါ။ နှစ်လကျော်တိုက်ခိုက်ပြီးတဲ့နောက် ဒီဇင်ဘာလ၂၀ရက်နေ့မှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်သာ ထိန်းချုပ်နိုင်ခဲ့ပြီး AAနဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်လို့ ဒီဇင်ဘာလ၂၁ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစိအချို့က​ပြောပါတယ်။

“ဂုတ်ကြီးစခန်းကို စစ်တပ်ထိန်းနိုင်တာ မဟုတ်ဘူး။ဓာတ်ပုံရိုက်ရုံပဲရိုက်နိုင်တာ။အခု ပြန်ပြီးဆုတ်သွားပါပြီ။ တိုက်ပွဲက ဆက်ဖြစ်နေတာပါ”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂုတ်ကြီးစခန်းဟာ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာပါဝင်ပြီးနတ်ရေကန်ဗျူဟာနဲ့ ၂မိုင်ခန့်အကွာမှာတည်ရှိပါတယ်။

နတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။ အမ်း-ပဒါန်းလမ်းဟောင်းဘက်က ပဇီရွာကလွဲလို့ ဂုတ်ကြီးစခန်းအပါအဝင်ကာကင်းစခန်းအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာပါ။

အဓိက ကာကင်းစခန်းကြီးဖြစ်တဲ့ ဂုတ်ကြီးစခန်းကို ပြန်ရဖို့အတွက် အာဏာသိမ်းစစ်တပ်ကကြိုးပမ်းခဲ့ပေမယ့် တပ်လန်သွားပြီလို့ စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၄ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်း အခုလိုပဲ စစ်တပ်ကစခန်းသိမ်းနိုင်တယ်လို့ ဝါဒဖြန့် ဓာတ်ပုံရိုက်ဖို့ကြိုးပမ်းခဲ့ဖူးပါတယ်။ AAက ယာယီဆုတ်ခွာခဲ့တဲ့ မင်းပြင်ရေဒါစခန်းရှေ့မှာ စစ်သား ၂၀ကျော်စုဝေးပြီး ဝါဒဖြန့်ဓာတ်ပုံရိုက်နေစဉ်မှာ AAကပစ်ခတ်တဲ့ လက်နက်ကြီးလို့တည့်တည့်ထိမှန်လို့ အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။ ဂုတ်ကြီးစခန်းမှာ​ ဓာတ်ပုံရိုက်စဉ်ကတော့ AAက တိုက်ခိုက်ခဲ့တဲ့သတင်းမကြားရပါဘူး။ စစ်သား​တွေက ဂုတ်ကြီးစခန်း နဲ့ ဂုတ်ကြီးရွာပတ်ဝန်းကျင်မှာ စခန်းသိမ်းနိုင်ပြီဆိုပြီး ဓာတ်ပုံတွေကိုဖြန့်​ဝေခဲ့ကြပါတယ်။ဒါ​ပေမယ့် စစ်သား​တွေဟာ ဂုတ်ကြီးစခန်းကို တစ်ရက်ပဲ ထိန်းနိုင်ပြီး ပြန်ဆုတ်​ပြေးခဲ့ကြတာပါ။

လက်ရှိမှာတော့ နတ်ရေကန်ဗျူဟာ နဲ့ ပဇီရွာကို ‌AA နဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားနိုင်ပြီး ဗျူဟာထဲကို စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေပါတယ်။ နတ်ရေကန်ဗျူဟာထဲက ကမ္ဘာလုံးပုံအဆောက်အအုံထဲမှာတော့ ဒဏ်ရာရစစ်သားတွေကို ဆေးကုသပေးနေတယ်လို့သိရပါတယ်။နတ်ရေကန်ဗျူဟာထဲမှာ ဒဏ်ရာရထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် အင်အား ၃၀၀ ခန့်ရှိနေသေးတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။