Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်-တံတားဦးလမ်းပိုင်းမှာ စစ်အုပ်စုဝင်တွေ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်-တံတားဦးလမ်းပိုင်းမှာ စစ်အုပ်စုဝင်တွေ တိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်နှစ်ဦးအပါအဝင် အများအပြား သေဆုံးကြောင်း မြင်းခြံခရိုင်အမှတ်(၁၁)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

TGYR-မြင်းခြံခရိုင်အမှတ်(၁၁) တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - TGYR

ဒီဇင်ဘာ-၂၂၊ ၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်-တံတားဦးလမ်းပိုင်းမှာ စစ်အုပ်စုဝင်တွေ တိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်နှစ်ဦးအပါအဝင် အများအပြား သေဆုံးကြောင်း မြင်းခြံခရိုင်အမှတ်(၁၁)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ရက် မနက် ၇နာရီခန့်က ငါန်းဇွန်မြို့ကနေ (၁၄)မိုင်လမ်းဆုံကို ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေရဲ့ ကား ၄စီးအနက် ရှေ့ဆုံးက Canterကားကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း မြင်းခြံခရိုင်အမှတ်(၁၁) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကားပေါ်ပါ ဒုတပ်ကြပ် ၂ဦးနဲ့ ပျူစောထီးတွေ အများအပြား သေဆုံးတယ်လို့ မြင်းခြံခရိုင်အမှတ်(၁၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“ရှေ့ဆုံးကားက ပျူနဲ့ စကမ နှစ်ကောင်ပဲပါတာကို သတင်းရတာရယ်။ အဲ့ Canterကားက ရဲဘော်တွေပစ်ကွင်းထဲကို တစ်စီးထဲကျွံဝင်လာလို့။ အဲ့ကားက အင်အားအပြည့်ဆိုတော့ အဲ့ကားကိုအရတိုက်ပြီး နောက်ခပ်လှမ်းလှမ်းမှာ ကျန်တဲ့ကား ၃စီးတော့ ကာပစ်ပဲပစ်ပြီး ဆုတ်ပေးလိုက်တာ”လို့ မြင်းခြံခရိုင်အမှတ်(၁၁)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲချိန် ၁၅ မိနစ်ခန့်ကြာခဲ့ပြီး ငါန်းဇွန်မြို့နဲ့ နီးတဲ့အတွက် စစ်ကူတွေရောက်လာလို့ လက်နက်သိမ်းနိုင်ခြင်းမရှိဘူးလို့ ၎င်းက ဆိုပါတယ်။

“ပျူကားအနီးထိ ကပ်နိုင်ပါတယ်။ ပျူတွေကလဲညီကိုတွေထိထားလို့ပါ အလင်းဝင်ပါမယ်ပြောနေကြတာပါ။အဲ့အသံတွေကြားပြီးအနီးထိရောက်ပေမဲ့ မြို့နဲ့အရမ်းနီးတော့ စစ်ကူတွေကြောင့် တိုက်ချိန်ပိုကြာမှာကြောင့်ဆုက်ပေးလိုက်တာပါ”လို့ မြင်းခြံခရိုင်အမှတ်(၁၁) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို TGYR-မြင်းခြံခရိုင်အမှတ်(၁၁) တပ်ရင်း၊ SPECIAL TASK FORCE(NGAZUN)တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ငါန်းဇွန်မြို့နယ်ဟာ မန္တလေးတိုင်းတောင်ခြမ်းမှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတစ်ခုဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲတွေအထိ ဖြစ်ပွားခဲ့တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်း မကြာခဏ ခံခဲ့ရပြီး ယခုအချိန်ထိ ရွာမပြန်နိုင်သေးတဲ့ စစ်ရှောင်တွေလည်း အများအပြား ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။