Connect with us

Hi, what are you looking for?

သတင်း

ပေါက်နဲ့ မြိုင်အစပ်က ရေနံမှော်ဒေသတွေကို စစ်ကောင်စီ ဗုံးကြဲနေ

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ဒေသတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူအချို့ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီက မြိုင်မြို့နယ်က ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီးညပျက်စီးမှုများ။ ဓာတ်ပုံ - We Love Myaing

ဒီဇင်ဘာ-၂၂၊၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ဒေသတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူအချို့ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းနဲ့ မြိုင်မြို့နယ် မြောက်ဘက်ခြမ်းတွေကို ဂျိုင်ရိုကော်ပတာနဲ့ ဂျက်ဖိုက်တာတွေအသုံးပြုပြီး ဗုံးကြဲနေတာလို့ ဆိုပါတယ်။

“မနက်ကတည်းက အခုညနေ ၄နာရီလောက်အထိ ပေါက်နဲ့ မြိုင်အစပ်က လက်ပံတိုရေနံမှော်ရော ဘေးပတ်ပတ်လည်ကို ကြဲတာ။တိုက်ပွဲက ဘာမှမရှိဘူး။ဒီအတိုင်းကိုကြဲတာ”လို့ အသက် (၃၀)အရွယ် ပေါက်ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ထားပြီး နေအိမ် ၂လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သူက ပြောပါတယ်။

ရေနံမှော်တွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဒေသတွင်းတော်လှန်ရေးရင်းမြစ်စီးဆင်းမှုကို ဖြတ်တောက်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာလို့ ဒေသခံရဲဘော်တစ်ဦးက ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်းကလည်း မြိုင်မြို့နယ်မြောက်ပိုင်းက ရွာသစ်ကုန်းရွာကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့လို့ နေအိမ်အချို့ပျက်စီးပြီး ဒေသခံ တစ်ဦးဒဏ်ရာရတယ်လို့ ​ဒေသတွင်းသတင်းရင်းမြစ် We Love Myaingက ထုတ်ပြန်ထားပါတယ်။

မနေ့က(ဒီဇင်ဘာ ၂၁ ရက်)လည်း မြိုင်မြို့နယ် ဘုန်ကြီးကန်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့လို့ သက်လတ်ပိုင်းအရွယ် အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ပေါက်နဲ့ မြိုင်မြို့နယ်တွေမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေ မီးရှို့ခံနေရသလို စစ်ရှောင်နေရတဲ့ ပြည်သူတွေအကူအညီ လိုအပ်မှုတွေ များနေတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ပေါက်နဲ့ မြိုင်မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာလို့ ဒေသခံတွေနဲ့ စစ်ရေးတာဝန်ရှိသူတွေက ပြောထားပါတယ်။

စစ်ကောင်စီရဲ့ အရေးပေါ်ကြေညာထားတဲ့ ၆၃ မြို့နယ်မှာ မကွေးတိုင်းက ထီးလင်း၊ပေါက်၊မြိုင်၊ဆောနဲ့ ရေစကြိုမြို့နယ်တွေ ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook