Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မှာ စစ်တပ် ဗုံးကြဲလို့ ကလေးငယ်အပါအဝင် ဒေသခံတွေဒဏ်ရာရဟု KIA ပြော

တနိုင်းမှာလည်း လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီး ၂ဦးသေဆုံး

စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ဗန်းမော်မြို့တွင်း မီးလောင်ပျက်စီးနေတဲ့မြင်ကွင်း။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၂၅၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်မဟာ(၈)နယ်မြေ ဗန်းမော်မြို့နယ်က မံမလင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၅ရက်မှာ ဖော်ပြပါတယ်။

မံမလင်းကျေးရွာကို စစ်ကောင်စီက ဒီဇင်ဘာ ၂၂ရက် ညနေ ၄နာရီမှာ တိုက်လေယာဉ်နဲ့ ရော့ကတ်ဗုံး ၁၆ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗန်းမော်မြို့ကနေ မံမလင်းရွာကို စစ်ရှောင်နေတဲ့ (၁၃)နှစ်အရွယ် ကလေးငယ်အပါအဝင် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီဟာ KIO ထိန်းချုပ်နယ်မြေက တိုက်ပွဲမရှိတဲ့နေရာတွေကို လေယာဉ်သုံး ဗုံးကြဲတာ၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဟူးကောင်းဒေသ KIA တပ်မဟာ(၂) တပ်ရင်း(၁၄)နယ်မြေကိုလည်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲခဲ့လို့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။ စစ်ကောင်စီဟာ အဲဒီဒေသက ဆုံးရှုံးထားတဲ့ နယ်မြေတွေပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး လေကြောင်း ဗုံးကြဲတာတွေပါ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အဲဒီလို ဗုံးကြဲခဲ့လို့ ဒီဇင်ဘာ ၁၈ရက်က ဒေသခံအမျိုးသမီး ၂ဦး သေဆုံးခဲ့ကြောင်း အသိပေးထားပြီး အသေးစိတ်အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။

KIA တပ်မဟာ(၂)တပ်ရင်း(၁၄) နယ်မြေ တနိုင်းမြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေရှိနေကြောင်းကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီဇင်ဘာ ၂၄ရက်မှာ အသိပေးပြောကြားထားပါတယ်။

“ပယင်းမှော်တွေ ရွှေမှော်တွေရှိတယ်။ အရင်က သူတို လက်လွှတ်ခဲ့တဲ့သူတိုရဲ့စခန်းဟောင်းတွေလည်း အများကြီးရှိတယ်။ အဲဒီဘက်မှာလည်း လွန်ခဲ့တဲ့ အပတ်ကနေ သူတို ထိုးစစ်ဆင်တာရှိပါတယ်။ အင်အာအလုံးအရင်းနဲ့ ထိုးတယ်လို ပြောရမှာပေါ့။ အင်အား ၄၀၀ ၊ ၅၀၀ လောက်နဲ့ထိုးပြီးမှ အဲဒီဘက်မှာလည်း နေ့တိုင်းလို တိုက်ပွဲရှိပါတယ်” လို ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

၀ိုင်းမော်မြိုနယ်အတွင်းကိုလည်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု ရှိတယ်လို အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်