Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ် ကတိကို ဟားမားစ် ချိုးဖောက်ခဲ့ကြောင်း အစ္စရေး စွပ်စွဲ၊ လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်

ဟားမားစ် ပြောက်ကျားတွေဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပြီး အဲဒီအတွက် လက်တုံ့ပြန်မယ်လို့ အစ္စရေးက ခြိမ်းခြောက်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဟားမားစ် ပြောက်ကျားတွေဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပြီး အဲဒီအတွက် လက်တုံ့ပြန်မယ်လို့ အစ္စရေးက ခြိမ်းခြောက်ခဲ့ပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသ တောင်ပိုင်းမှာရှိတဲ့ ရာဖာဟ်မြို့မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး အစ္စရေး စစ်ဘက် အရာရှိတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။ ပြီးတော့ အဲဒီကိစ္စရဲ့ နောက်ကွယ်မှာ ဟားမားစ်က ပါဝင် ပတ်သက်နေတယ်လို့ပါ အစ္စရေးက စွပ်စွဲခဲ့ပါတယ်။

အစ္စရေး လေတပ်ရဲ့ လေယာဉ်မှူးတွေ သင်တန်းဆင်းပွဲ အခမ်းအနား တစ်ခုမှာတော့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဟားမားစ်ဟာ အောက်တိုဘာလတုန်းက ရရှိထားခဲ့တဲ့ အပစ်ရပ် သဘောတူညီချက်ပါ လက်နက် စွန့်လွှတ်ရေး ကတိကို မတည်ခဲ့ဘူးလို့ စွပ်စွဲသွားပါတယ်။ ဒါဟာ ဟားမားစ်က အပစ်ရပ် ကတိတွေကို အတိအလင်း ချိုးဖောက်တဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် အစ္စရေး စစ်မှုထမ်းတစ်ဦး ဒဏ်ရာရစေခဲ့တဲ့ အခုလို တိုက်ခိုက်မှုမျိုးပါ ကျူးလွန်နေတဲ့ ဟားမားစ်ကို အစ္စရေးက လိုအပ်သလို တုံ့ပြန်သွားမယ်လို့ နေတန်ညာဟုက ခြိမ်းခြောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး စစ်တပ်ရဲ့ အစောပိုင်း ထုတ်ပြန်ချက်အရ ရာဖာဟ်မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုဟာ အစ္စရေး စစ်ကားတစ်စီးကို ပစ်မှတ်ထားခဲ့တာလို့ သိရပါတယ်။ ဟားမားစ်ကတော့ အဲဒီကိစ္စနဲ့ ဘာပတ်သက်မှုမှ မရှိဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။

ဟားမားစ် ထိပ်တန်း အရာရှိ တစ်ဦးဖြစ်တဲ့ မာမွတ် မာဒါဝီက အဲဒီပေါက်ကွဲမှုဟာ စစ်ပွဲလက်ကျန် ခဲယမ်းမီးကျောက် အဟောင်းတစ်ခု ပေါက်ကွဲခဲ့တာသာ ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အဆိုပြုထားတဲ့ အချက်တွေကို လက်ခံပြီး နှစ်ဖက် အပစ်အခတ် ရပ်စဲခဲ့ပေမယ့် အစ္စရေးနဲ့ ဟားမားစ်ကြားမှာ ပြတ်တောင်းပြတ်တောင်း ဆက်လက် တိုက်ခိုက်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်ထိတော့ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားမှုက ပျက်ပြယ်မသွားသေးပါဘူး။

နေတန်ညာဟုက ဟားမားစ်လိုပဲ အီရန်ရဲ့ မဟာမိတ် လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တဲ့ အီရန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကိုလည်း လက်နက် စွန့်လွှတ်ဖို့ သတိပေးခဲ့ပါတယ်။ သူက ဟားမားစ်ရော၊ ဟစ်ဇ်ဘိုလာပါ အစ္စရေးနဲ့ ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုမှာ ပါရှိခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး ကတိကို လိုက်နာဖို့ နှောင့်နှေးနေကြောင်း ဝေဖန်ခဲ့ပါတယ်။

အစ္စရေးဟာ ပြဿနာဖြစ်ဖို့ အကြောင်းရှာနေတာ မဟုတ်ကြောင်း၊ ဒါပေမဲ့ ဖြစ်လာနိုင်ခြေ ရှိသမျှ အန္တရာယ် အားလုံးအတွက်လည်း နိုးနိုးကြားကြား အသင့်ပြင်ထားကြောင်း နေတန်ညာဟုက ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

အစ္စရေး ခရီးသည် အများစုကို တင်ဆောင်လာတဲ့ လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားသူ တွဲဖက် လေယာဉ်မှူးဟာ သူ့ရဲ့ တိုက်ခိုက်မှုအတွက် လေယာဉ်မှူး အခန်းထဲက ပုဆိန်ကို အသုံးပြုခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားသူကို အစ္စရေးက တာဝန်ယူ စစ်ဆေး မေးမြန်းဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

လူတွေ မသေစေချင်လို့ အစွမ်းရှိသမျှ ကြိုးစားရုန်းကန်ခဲ့တာ ဖြစ်တယ်လို့ အနုကြမ်းစီးသူ တွဲဖက် လေယာဉ်မှူးကို ရနိုင်သမျှ ခုခံခဲ့တဲ့ အိန္ဒိယ လေယာဉ်မှူးက ပြောကြားခဲ့ပါတယ်။

သတင်း

ဂါဇာကမ်းမြှောင်ဒေသ မြောက်ပိုင်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် ဟားမားစ်ရဲ့ ထိပ်တန်း စစ်ဦးစီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

Facebook