Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ၏လုပ်ငန်းများ ကန်ထရိုက်ဆွဲထား​​သောဆောက်လုပ်​ရေးလုပ်ငန်း တင်ဒါများကို ​ကိုးကြိမ်အထိခွဲ၍ ငွေထုတ်​​ပေးမည်

“လေးကြိမ်းတုန်းက လေးခါ လက်ဆောင်ပေးရတယ်။ အခုတော့ ကိုးကြိမ် ဌာနကအကြီးအကဲတွေကို လက်ဆောင်ပေးရတာပေါ့ ။ သူတို့မှာ ထုတ်ပေးစရာငွေမရှိတော့လို့ အခုလို အကျပ်ကိုင်နေတာ”ဟု ဆောက်လုပ်ရေးတင်ဒါလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

People's Spring
People's Spring

စစ်​ကောင်စီ၏ လုပ်ငန်းများတွင် ကန်ထရိုက်ဆွဲသည့် ဆောက်လုပ်ရေး တင်ဒါလုပ်ငန်းအတွက် ငွေထုတ်ပေးမှု ပမာဏကို လျော့ချပြီး အကြိမ်ရေတိုးကာ ကိုးကြိမ်အထိ ခွဲပေးမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာသည်။

၂၀၁၆ကတည်းက အစိုးရဆောက်လုပ်ရေး တင်ဒါ ကန်ထရိုက်လုပ်ငန်းများအတွက် ၂၅ ရာခိုင်နှုန်းစီ လေးကြိမ်းခွဲထုတ်ပေးခြင်းဖြစ်ပြီး ယခုအခါ အကြမ်းဖက်စစ်ကောင်စီက ၁၀ ရာခိုင်နှုန်းစီ ခုနစ်ကြိမ်နှင့် ၁၅ ရာခိုင်နှုန်း နှစ်ကြိမ် စုစုပေါင်း ကိုးကြိမ််ခွဲ၍ ထုတ်ပေးမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။

ယခင်က အစိုးရ ကန်ထရိုက်တင်ဒါလုပ်ငန်းများကို ပြီးစီးမှု၂၅ ရာခိုင်နှုန်းရှိပါက ငွေသား ၂၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းပြီးစီးပါက နောက်ထပ် ၂၅ ရာခိုင်နှုန်း၊ ၇၅ ရာခိုင်နှုန်းပြီးစီးပါက နောက်ထပ် ၂၅ ရာခိုင်နှုန်းနှင့် လုပ်ငန်းအားလုံးပြီးစီးပါက ကျန် ၂၅ရာခိုင်နှုန်းကိုပေးချေနေခြင်းဖြစ်သည်။ ယခုအခါ ကိုးကြိမ် အလီလီခွဲပေးမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။

ထိုသို့သတ်မှတ်ရခြင်းမှာ ယခင်လေးကြိမ်ပေးသည့် စနစ်သည် တည်ဆောက်ရေးလုပ်ငန်းများ အားလျော့လာခြင်းကြောင့် ပြောင်းလဲသတ်မှတ်ရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

“လေးကြိမ်းတုန်းက လေးခါ လက်ဆောင်ပေးရတယ်။ အခုတော့ ကိုးကြိမ် ဌာနကအကြီးအကဲတွေကို လက်ဆောင်ပေးရတာပေါ့ ။ သူတို့မှာ ထုတ်ပေးစရာငွေမရှိတော့လို့ အခုလို အကျပ်ကိုင်နေတာ”ဟု ဆောက်လုပ်ရေးတင်ဒါလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက တည်ဆောက်ရေးလုပ်ငန်းများ အမြောက်အမြားလုပ်ဆောင်နိုင်ခြင်းမရှိဘဲ လုပ်ငန်းအနည်းသာရှိ၍ ဆောက်လုပ်ရေးတင်ဒါလုပ်ငန်းများလည်း အများစု ရပ်တန့်နေသည်ဟုဆိုသည်။

ယခုသတ်မှတ်ချက်ကို ကိုဗစ်ရောဂါပြီးဆုံးကြောင်း ရုတ်သိမ်းခြင်း သို့မဟုတ် ပြည်တွင်းဘဏ်များ ငွေထုတ်မှု ကန့်သတ်ချက်ဖြေလျော့ပေးသည့် အချိန်အထိ သက်ရောက်မည်ဟု အကြမ်းဖက်စစ်ကောင်စီက ဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။