Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်ကူးညမှာ စစ်တပ်ဗုံးကြဲမှု သံတွဲက ရှေးဟောင်းအိမ်တချို့ပျက်စီပြီး သုံးဦးဒဏ်ရာရ

စစ်တပ်က သံတွဲမြို့ပေါ်ကိုယမန်နေ့ညမှာ ဗုံးကြဲခဲ့မှု​ကြောင့် နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ရှေးဟောင်းနေအိမ်တချို့ပျက်စီးဆုံးရှုံးခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအချို့က​ပြောပါတယ်။

စစ်တပ်ဗုံးကြဲမှု​ကြောင့်အ​ဆောက်အအုံ​တွေ မီး​လောင်ကျွမ်း​နေစဥ်။ဓါတ်ပုံ-AA Info desk

ဇန်နဝါရီ-၁၊၂၀၂၅။အိမ်သွင်/People’s Spring

စစ်တပ်က သံတွဲမြို့ပေါ်ကိုယမန်နေ့ညမှာ ဗုံးကြဲခဲ့မှု​ကြောင့် နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ရှေးဟောင်းနေအိမ်တချို့ပျက်စီးဆုံးရှုံးခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအချို့က​ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကသံတွဲမြို့၊ အမှတ် (၁) ရပ်ကွက်အတွင်းကို ဒီဇင်ဘာ ၃၁ ရက်နှစ်သစ်ကူးည ၇ နာရီ၂၈မိနစ်အချိန်မှာဗုံးကြဲခဲ့တာပါ။

“ကိုလိုနီခေတ်ကအိမ်ကြီးကိုတည့်တည့်ကြဲတာ။ ပတ်ဝန်းကျင်က အိမ်ကြီးအိမ်ကောင်းတွေလည်းကုန်တယ်။ည၁၀နာရီကျော်မှ မီးငြှိမ်းသတ်နိုင်ပါတယ်”လို့ မြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရှေးဟောင်းအိမ်လေးလုံးအပါအဝင် အိမ်ကိုးလုံးပျက်စီးခဲ့ပြီး လူသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံကပြောပါတယ်။

နှစ်သစ်ကူးညမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်လူနေအိမ်အချို့ မီးလောင်နေတယ်လို့ တိုက်ခိုက်ခံရပြီးမိနစ်ပိုင်းအကြာမှာအာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်ဆက်တွဲအခြေနေကိုမထုတ်ပြန်သေးပါဘူး။

ဒီဇင်ဘာလ၂၉ရက်နေ့ညကလည်း သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ် သုံးဦးအပါအဝင် ကိုးဦးသေဆုံးပြီး ၂၃ဦး ဒဏ်ရာရခဲ့ပါတယ်။ နေအိမ် ၂၃ လုံးလည်းပျက်စီးခဲ့ပါတယ်။

AAဟာ ငပလီကမ်းခြေဒေသပါဝင်တဲ့ သံတွဲမြို့ကို ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်က ပြီးခဲ့တဲ့ စက်တင်ဘာလကစတင်ပြီး သံတွဲမြို့ကို လေကြောင်းအပြင် ရေတပ်သင်္ဘောတွေပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေလို့ လုံခြုံရေးသတိပြုကြဖို့ AA သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။