Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါးရိုက်ခံလိုက်ရတဲ့ ပြင်သစ်သမ္မတ

လူထုနဲ့ တွေ့ဆုံတဲ့ အစီအစဉ် တစ်ခု အတွင်းမှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကို လူတစ်ဦးက ပါးရိုက်ခဲ့ကြောင်း သိရပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို ဖြတ်ပိုင်းထဲမှာ အစိမ်းရောင် ဝတ်ထားတဲ့ အမျိုးသား တစ်ဦးက မာခရွန်ကို ပါးလှမ်းရိုက်လိုက်တာ တွေ့နိုင်ပါတယ်။ ဒီဖြစ်စဉ် အပြီးမှာ လုံခြုံရေး အေးဂျင့်တွေက ကြားဝင် ထိန်းသိမ်းခဲ့ပြီး သမ္မတကိုလည်း ဘေးလွတ်ရာ ဆွဲခေါ်သွားခဲ့ရပါတယ်။

မာခရွန်ဟာ ဇွန်လ ၈ ရက်က ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ဗယ်လင်ဆီ မြို့နားက တိန်လာဟာမီတေ့ဂျ် ရပ်ကွက်ကို ရောက်ရှိနေတဲ့အချိန် အခုလို တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒေသခံတွေကို နေရာ ကန့်သတ်ထားတဲ့ အတားအဆီးနားထိ သမ္မတက သွားရောက်ခဲ့ချိန် ရှေ့ဆုံးတန်းမှာ ရှိနေတဲ့ အမျိုးသားက ပါးလှမ်းရိုက်ခဲ့တာပါ။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ပါးရိုက်သူအပြင် နောက်တစ်ဦးကိုပါ ရဲတွေက ဖမ်းဆီးထားကြောင်း ပြင်သစ် မီဒီယာတွေက ဖော်ပြကြပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေကို ဆက်လက် ပြုလုပ်နေဆဲလို့ ပြင်သစ် ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

အခုလုပ်ရပ်ဟာ ပြင်သစ် သမ္မတတွေကို ဖိအားပေး ဆန္ဒပြလေ့ရှိတဲ့ GSPRဆိုတဲ့ အဖွဲ့အစည်းနဲ့ ဆက်စပ်လိမ့်မယ်လို့ ထောက်လှမ်းရေးတွေက ယုံကြည်နေပါတယ်။ အဲဒီအဖွဲ့ကို ၁၉၈၃ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပြီး ပြင်သစ် သမ္မတတွေရဲ့ ခရီးစဉ်တွေမှာ လူစု ဆန္ဒပြတာမျိုးတွေ လုပ်လေ့ ရှိပါတယ်။ မာခရွန် ရောက်ရှိလာချိန်က တိန်လာဟာမီတေ့ဂျ်မှာ GSPR အဖွဲ့ဝင် ၁၀ ဦးလောက် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

မာခရွန်ဟာ တိန်လာဟာမီတေ့ဂျ်မှာ ဆက်ရှိနေပြီး နောက်တစ်နေ့မှာလည်း မူလ စီစဉ်ထားတဲ့အတိုင်း ခရီးစဉ်တွေ သွားရောက်မယ်လို့ ပြောပါတယ်။ ပြင်သစ်မှာ ကပ်ရောဂါ တားဆီးရေး စည်းမျဉ်းတွေ ဖြေလျှော့ပေးပြီး စားသောက်ဆိုင်တွေ ပြန်ဖွင့်ဖို့ စီစဉ်နေချိန်မှာ မာခရွန်က နိုင်ငံရဲ့ အစိတ်အပိုင်း တချို့ကို လှည့်လည် သွားရောက်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး တတိယနေရာ လုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ခြောက်ဂိုး-လေးဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယမ် အမ်ဘာပေကလည်း လက်ရှိ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် နေရာမှာရော၊ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး...

နိုင်ငံတကာ

ပြင်သစ်ဆီက တိုက်လေယာဉ် ၁၆ စီး ဝယ်ယူဖို့ ယူကရိန်းက စီစဉ်နေကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။