Connect with us

Hi, what are you looking for?

သတင်း

မွန်တပ် RMA က တပ်စခန်း ၅ ခုတိုက်ခိုက်ပြီး စစ်တပ်ရွေးကောက်ပွဲလက်မခံကြောင်း ပြသ

မွန်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်စခန်း နေရာ ၅ခုကို တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMDP)/ ရာမညမွန်တပ်တော် (RMA)က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၂၊ ၂၀၂၆။ဟန်နွေ/People’s Spring

မွန်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်စခန်း နေရာ ၅ခုကို တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMDP)/ ရာမညမွန်တပ်တော် (RMA) က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၀ရက်နဲ့ ၁၁ရက်တွေမှာ စစ်ကောင်စီ တပ်စခန်းတွေကို အလစ်အငိုက်တိုက်ခိုက်တာ၊ (၁၀၇ မမ) ရှော့တိုက်ဒုံ:နဲ့ ပစ်ခတ်တာ၊ ဒရုန်းဗုံးသီးချ တိုက်ခိုက်တာတွေကို အသိပေးထုတ်ပြန်တာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၁ရက်မှာ မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာထိပ်က စစ်ကောင်စီဂိတ်စခန်း၊ ရေးမြို့ပေါ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)၊ ရေးမြို့နယ် ကလော့ကျေးရွာအနီး အမြောက်တပ် (၃၁၆)၊ မုဒုံမြို့နယ် ကမာဝက် အခြေစိုက်ခမရ(၂၀၉) တပ်ရင်းတို့ကို တိုက်ခိုက်ခဲ့သလို ဇန်နဝါရီ ၁၀ရက်က ကမာဝက်မြို့က မဲရုံတွေကို ကြည့်ရှုနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

” အဓိက ကျနော်တို့ တိုက်ရတဲ့ အကြောင်းအရင်းက ကျနော်တို့လည်း ထုတ်ပြန်ထားပြီးသား ပေါ့နော် ဒီအတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း နည်းလမ်းပေါင်းစုံနဲ့ တိုက်ဖျက်သွားမှာ ဖြစ်ကြောင်း ကိုလည်း ကျနော်တို့ ထုတ်ပြန်ထားပြီးသားဖြစ်တယ်။ ဒါပေမဲ့ တိုက်ပွဲဖော်ဆောင်တဲ့နေရာမှာ စစ်ရေးပစ်မှတ်ကိုပဲ အဓိက တားဂတ်ထားပြီးတော့ ဖော်ဆောင်ခြင်းဖြစ်တယ်” NMSP-AD/RMA ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောပါတယ်။

အစင်ကျေးရွာတပ်စခန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ အသိပေးပါတယ်။

” အဲဒါကို ကျနော်တို့ အလစ်အငိုက် အနီးကပ်တိုက်တယ်ပေါ့ဗျာ။ အဲဒီလို သဘောရှိတယ်။ အဲဒီမှာ ရန်သူက သုံးဦးသေဆုံးပြီးတော့ ၁ဦး အပြင်းအထန် ဒဏ်ရာရတယ်လို့ ကျနော်တို့ ရဲဘော်တွေရဲ့ မျက်မြင်တွေ့ရှိချက်အနေနဲ့ သိရှိရတယ်” လို့ နိုင်ကောင်းစကားက ပြောပါတယ်။

စကခ(၁၉)ကို ရှော့တိုက်ဒုံး ၃လုံးနဲ့ ပစ်ခတ်ခဲ့သလို အမတ(၃၁၆)တပ်ရင်းကိုလည်း ရှော့တိုက်ဒုံး ၂လုံးနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်တွေ သေဆုံးထိခိုက်မှု ကို စုံစမ်းနေဆဲဖြစ်ကြောင်း RMAက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကမာဝက် အခြေစိုက် ခမရ(၂၀၉) တပ်ရင်းကိုလည်း ဒရုန်းနဲ့ ဗုံးသီး ၂လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာရှိ ၁ဦးသေဆုံးကြောင်း ကနဦး သိရတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ စစ်ဘက်တာဝန်ရှိသူတွေ ကမာဝက်မြို့ရှိ မဲရုံတွေ ကြည့်ရှုစစ်ဆေးနေစဥ်မှာလည်း ဒရုန်းနဲ့ ဗုံးသီး ၁လုံးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရသူရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးတွေအတွှု်း ရာမညမွန်တပ်တော်(RMA)က ရဲဘော်တွေ ဘေးကၚ်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲံကြောင်းလည်း ထုတ်ပြန်ပါတယ်။ RMA အနေနဲ့ စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်သွားမယ်လို့လည်း နိုင်ကောင်းစကားက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေ

သတင်း

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ထင်းရှုးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ ၆ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ရောင်းဒေါင်းရွာနဲ့ ကွမ်လှာကျေးရွာကြားရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရာမည မွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။