Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ရွေးကောက်ပွဲကို အာဆီယံ အသိအမှတ်ပြုမှာမဟုတ်ကြောင်းမလေးရှားနိုင်ငံခြားရေး ဝန်ကြီးပြော

မြန်မာနိုင်ငံမှာ စစ်တပ်က ဦးဆောင်ပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲရဲ့ စစ်မှန်မှုကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က အသိအ
မှတ်ပြု ထောက်ခံမှာ မဟုတ်သလို ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရေးကိုလည်း ငြင်းဆန်ပယ်ချခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ-၂၀၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံမှာ စစ်တပ်က ဦးဆောင်ပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲရဲ့ စစ်မှန်မှုကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က အသိအ
မှတ်ပြု ထောက်ခံမှာ မဟုတ်သလို ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရေးကိုလည်း ငြင်းဆန်ပယ်ချခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။

မလေးရှားဟာ ၂၀၂၅ ခုနှစ်တုန်းကအာဆီယံရဲ့ အ
လှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သလိုမြန်မာစစ်
တပ်က ဦးဆောင်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ သဘောထား ဆန္ဒတွေနဲ့ ပတ်သက်လို့ အဓိက ဦးဆောင်နေရာက ပါဝင်ဆုံးဖြတ်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က မြန်မာ့ ရွေးကောက်
ပွဲကို အသိအမှတ် မပြုဖို့ အာဆီယံက ဆုံးဖြတ်ခဲ့ပုံ အကြောင်းကို ထုတ်ဖော် ပြောကြားသွားပါတယ်။

စစ်တပ်ကကျင်းပနေတဲ့ရွေးကောက်ပွဲဟာ အာဏာ
သိမ်းမှုနောက်ပိုင်း နိုင်ငံတကာ ဖယ်ကြဉ်မှုကို ခံနေရတဲ့ စစ်ခေါင်းဆောင်တွေကနိုင်ငံတကာအသိအမှတ်ပြုမှုကိုရရှိအောင်ကြိုးစားနေတဲ့အတုအယောင် အားထုတ်မှု တစ်ခုသာဖြစ်ကြောင်း ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက ဝေဖန်ထားပါတယ်။

Public Service Announcement

Public Service Announcement

မလေးရှားလွှတ်တော်မှာဇန်နဝါရီ ၂၀ ရက်နေ့က အမတ်တွေနဲ့ တွေ့ဆုံတဲ့အခါ မိုဟာမက်က မနှစ်တုန်းက ကွာလာလမ်ပူ မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာ ရွေးကောက်ပွဲအတွက် အာဆီယံ လေ့လာစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ပေးဖို့ မြန်မာဖက်က တောင်းဆိုခဲ့ပေမယ့် ပယ်ချခဲ့တဲ့အကြောင်းပြောကြားသွားပါတယ်။

ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်မှာ မဟုတ်ကြောင်း အာဆီယံက တုံ့ပြန်ခဲ့ပြီး အဓိပ္ပါယ်ကတော့ရွေးကောက်ပွဲရဲ့စစ်မှန်မှုကိုလည်းအသိအမှတ် မပြုဘူးဆိုတဲ့ သဘောကို ဖော်ပြခြင်းဖြစ်တယ်လို့ မိုဟာမက်က အမတ်တစ်ဦးရဲ့ မေးခွန်းထုတ်မှုနဲ့ ပတ်သက်လို့ “ကျွန်တော်တို့အာဆီယံက​နေ​ရွေး​ကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ​စေလွှတ်မှာမဟုတ်ဘူးလို့ ပြောထားပြီးသားပါ။ ဒါကြောင့်လည်း ဒီရွေးကောက်ပွဲကို ကျွန်တော်တို့ အသိအမှတ်ပြု​ပေးမှာမဟုတ်ပါဘူး။”​ဖြေကြားခဲ့တာပါ။

အဲဒီအမတ်ကစစ်တပ်ခြယ်လှယ်တဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ သဘောထားကိုမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာ အပါအဝင် အဖွဲ့ဝင် ၁၁ နိုင်ငံ စုစည်းထားတဲ့ အာဆီယံဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အသိအမှတ် မပြုခဲ့ပေမယ့် အဖွဲ့ဝင်နိုင်ငံ တချို့ကတော့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေကို ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ စေလွှတ်တာတွေတော့ ရှိခဲ့ပါတယ်။

ကိုးကား-Reuters

(မလေးရှားနိုင်ငံခြားရေးဝန်ကြီး။
ဓါတ်ပုံ-Reuters)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။