Connect with us

Hi, what are you looking for?

သတင်း

ကျွဲဆည်ကန်ကားကွင်းအနီး လုယက်သူတွေ သောင်းကျန်းနေ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်က ကျွဲဆည်ကန်ကားကြီးကွင်းဟောင်းတဝိုက်မှာ လုယက်မှုတွေ အဖြစ်များနေပြီး မနေ့က အမျိုးသမီးတစ်ဦး ဆွဲကြိုး လုယက်ခံရလို့ ကျပ်သိန်း ၂၀၀ ဖိုးခန့် ဆုံးရှုံးခဲ့ပါတယ်။

ဇန်နဝါရီ-၂၀၊ ၂ဝ၂၆။မေရီ/People’s Spring

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်က ကျွဲဆည်ကန်ကားကြီးကွင်းဟောင်းတဝိုက်မှာ လုယက်မှုတွေ အဖြစ်များနေပြီး မနေ့က အမျိုးသမီးတစ်ဦး ဆွဲကြိုး လုယက်ခံရလို့ ကျပ်သိန်း ၂၀၀ ဖိုးခန့် ဆုံးရှုံးခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက် မနက် ၈နာရီခွဲခန့်က ကျွဲဆည်ကန် ကားကြီးကွင်းဟောင်းမြောက်ဘက်၊ ၁၁၄ လမ်းပေါ်မှာ ဆိုင်ကယ်စီး အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်နှစ်စီးနဲ့ အမျိုးသား ၄ ဦးက လိုက်လံလုခဲ့ရာ ကာလပေါက်စျေး ကျပ်သိန်း ၂၀၀ခန့် တန်တဲ့ ဆွဲကြိုးနဲ့ စိန်ဆွဲပြား ပါသွားခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။

” ပတ်ဝန်းကျင်ကို အကူအညီတောင်းပေမဲ့ ဘယ်သူမှမလိုက်ရဲကြဘူး”လို့ ဖြစ်စဥ် သိမြင်လိုက်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျွဲဆည်ကန်ကားကွင်းရဲ့မြောက်ဘက်က ၁၁၄လမ်းဟာ လူသွားလူလာပြတ်ပြီး မကြာခဏ ရိုက်လုမှုတွေဖြစ်ပွားနေကြောင်း၊ အမျိုးသမီးအများစု လုယက်ခံနေရပြီး နေ့ခင်းဘက်မှာတင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ကျွဲဆည်ကန်တဝိုက်တင်မကဘဲ မန္တလေးမြို့နေရာစုံမှာ လုယက်မှုတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးတွေကအစ လုယက်နေတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက် နေ့လယ်ပိုင်းကလည်း မန္တလေးမြို့ပေါ် လူစည်ကားရာ အဓိကလမ်းမကြီးဖြစ်တဲ့ သိပ္ပံလမ်းနဲ့ လမ်း ၆၀ ထောင့်အနီးမှာ ဆိုင်ကယ်နဲ့လာတဲ့ လူငယ်အမျိုးသားတစ်ဦးကို ပျူစောထီးတွေက စစ်ဆေးမယ်ဆိုပြီး ရပ်တန့်ခိုင်းခဲ့ကာ ဆိုင်ကယ် Tool Box ထဲထည့်လာတဲ့ ငွေသား သိန်း ၁၂၀ ကျော်ကို သိမ်းယူသွားကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ပစ္စည်းပို့သမား (Delivery)တစ်ဦးဆီကနေ ငွေနဲ့ဖုန်းတွေ ခြိမ်းခြောက်လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရေခဲမုန့်ဆိုင်က သားအမိနှစ်ဦးကို သေနတ်နဲ့ပစ်ပြီး ဆိုင်ကယ်လုယက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်‌‌၊ကျီးကန် မြောက်ကျေးရွာက စပါးပွဲစားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရဲပီး ကျပ်သိန်း၆၀၀ လုယူခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ သိပ္ပံလမ်းမှာ လူတ်စုက ဆိုင်ကယ် စစ်မယ်ဆိုပြီး ကျပ်သိန်း ၁၂၀ ကျော် လုယူသွားကြောင်း သတင်းရရှိပါတယ်။