ဖေဖော်ဝါရီ-၁၊၂၀၂၆၊ရှိန်း/ People’s Spring
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ရေခဲမုန့်ဆိုင်က သားအမိနှစ်ဦးကို သေနတ်နဲ့ပစ်ပြီး ဆိုင်ကယ်လုယက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁ရက် ည၈နာရီခွဲခန့်က မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်၊၈၄လမ်းနဲ့ ၃၈လမ်း ထောင့်က ရေခဲမုန့်ဆိုင်မှာ ဆိုင်သိမ်းပြီး အိမ်ပြန်ဖို့ တံခါးပိတ်နေတဲ့ အမျိုးသမီးသားအမိနှစ်ဦးကို အမျိုးသား နှစ်ဦးက သေနတ်ပစ်ဝင်ရောက်လုယက်ခဲ့တာလို့ သိရပါတယ်။
ဆိုင်ကယ်သော့ တောင်းတာ မပေးတဲ့အတွက် သေနတ်နဲ့ ၃ချက်ပစ်သွားတာလို့ အနီးနားက မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement
“သမီးဒဏ်ရာရတာ။သေနတ်သံက ၃ချက်ကြားလိုက်ရတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ယခင်ကလည်း အဲဒီဆိုင်ဘေးက ရွှေဆိုင် ၂ကြိမ်ဆက်တိုက် သေနတ်နဲ့ပစ် ဓားပြတိုက်ခံခဲ့ရပါတယ်။အဲဒီအမှုတွေလည်း ယနေ့အထိမပေါ် သေးပါဘူး။
မန္တလေးမြို့မှာ အစည်ကားဆုံးလမ်းထဲပါဝင်တဲ့ ၈၄လမ်းမပေါ်မှာ ယခုလို ပစ်ခတ်ဓားပြတိုက်မှု ၄ကြိမ်ထပ်မနည်းရှိခဲ့ပါတယ်။


















































