Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း၊ မကွေးနဲ့ ချင်းက မြို့နယ် ၄ခုမှာ စစ်တပ် လေကြောင်းတိုက်ခိုက်၊ အရပ်သားထိခိုက်သေဆုံးမှုတွေရှိ

စစ်ကိုင်းတိုင်းက ကနီနဲ့ ကောလင်းမြို့နယ်၊ မကွေးတိုင်း ဆောမြို့နယ်နဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်တို့ကို ဒီနေ့ ဇန်နဝါရီ၂၀ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

(ကနီမြို့နယ် ရှမ်း​မြောင်းရွာကို စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - Pyae Aung Naing/FB)

ဇန်နဝါရီ-၂၀၊ ၂၀၂၆။ ရွှေပြည်စိုး/People’s Spring

စစ်ကိုင်းတိုင်းက ကနီနဲ့ ကောလင်းမြို့နယ်၊ မကွေးတိုင်း ဆောမြို့နယ်နဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်တို့ကို ဒီနေ့ ဇန်နဝါရီ၂၀ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

အဲ့ဒီမြို့နယ် လေးခုကို ဒီနေ့ မနက် ၁၁နာရီခန့်ကနေ ညနေ ၄နာရီခွဲခန့်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကောလင်းမြို့နယ်နဲ့ ဆောမြို့နယ်မှာ ဒေသခံတွေထိခိုက်သေဆုံးမှုရှိခဲ့ပြီး ကနီနဲ့ မင်းတပ်မြို့မှာတော့ အဆောက်အအုံပျက်စီးတာတွေရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ မွန်းလွဲပိုင်းက ကောလင်းမြို့အရှေ့ပိုင်းကို လေကြောင်းတိုက်ခိုက်မှုမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတဲ့အပြင် အသေခံဗုံးနဲ့ပါ ကြဲသွားတာဖြစ်ပြီး ထိခိုက်သေဆုံးမှုများပြားတယ်လို့ Kawlin Revolution-KRက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေလို့ အရပ်သားပြည်သူတွေလုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၅ ဒီဇင်ဘာ ၃၁ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၄,၄၉၈ကြိမ် ရှိပြီး ၄,၆၈၃ ဦး သေဆုံးခဲ့တယ်လို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၄၃၂ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၄၄ ခုနဲ့ ဘာသာရေးအဆောက်အအုံ ၆၅၀ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ဇန်နဝါရီလထဲမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုစာရင်းလည်း ဆက်လက်မြင့်တက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။