Connect with us

Hi, what are you looking for?

သတင်း

လပခစစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတယ်လို့သတင်းထွက်ပြီးနောက်စစ်ဆေးမှုတင်းကျပ်

စစ်ကောင်စီတပ်ရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တည်ရှိရာ မန္တလေးမြို့မှာ ဒီနေ့ (ဇန်နဝါရီလ ၂၇ ရက်) မနက်ပိုင်းက ပစ်ခတ်သံတွေကြားရပြီးနောက် ဒီနေ့တစ်နေ့လုံးနီးပါး စစ်ဆေးမှုတင်းကျပ်ခဲ့တယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

ဇန်နဝါရီလ ၂၅ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရောက် စစ်ခေါင်းဆောင် ဓာတ်ပုံ - စစ်ကောင်စီ

ဇန်နဝါရီ – ၂၇ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

စစ်ကောင်စီတပ်ရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တည်ရှိရာ မန္တလေးမြို့မှာ ဒီနေ့ (ဇန်နဝါရီလ ၂၇ ရက်) မနက်ပိုင်းက ပစ်ခတ်သံတွေကြားရပြီးနောက် ဒီနေ့တစ်နေ့လုံးနီးပါး စစ်ဆေးမှုတင်းကျပ်ခဲ့တယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

ဒီမနက်အစောပိုင်း ၄ နာရီခွဲခန့်က မန္တလေးမြို့အနောက်ဘက် ဧရာဝတီမြစ်ဘက်က ပစ်ခတ်သံတွေကို မြို့ခံတွေကကြားခဲ့ရတာပါ။

အဲဒီနောက် မနက်ပိုင်းကစတင်ပြီး မန္တလေးမြို့ပေါ်မှာ စစ်သား ၊ရဲ နဲ့ယာဉ်ထိန်းတို့ပါတဲ့အဖွဲ့တွေက လမ်းသွားလမ်းလာတွေ ၊ ယာဉ်တွေကို စစ်ဆေးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“မနက်ရုံးသွားချိန်မှာ ရဲတွေအများကြီးပဲ စစ်နေတာ”လို့ အမပူရမြို့နယ်၊တောင်မြို့မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

မန္တလေးမြို့အထွက် မြို့ပတ်လမ်းတဝိုက်မှာလည်းစစ်ဆေးမှုတွေ ရှိခဲ့ပါတယ်။ အလယ်ပိုင်းတိုင်စစ်ဌာနချုပ် တည်ရှိရာ အောင်မြေသာစံ မြို့နယ် မြောက်ပြင်ရပ်မှာနေထိုင်သူအချို့ကလည်း ဒီမနက်ပိုင်းမှာ လက်နက်ကြီး ပစ်ခတ်သံ ကြားရတယ်လို့ဆိုပါတယ်။

Brave Warriors for Myanmar (BWM) အဖွဲ့ကတော့ မန္တလေးနန်းတွင်းရှိအလယ််ပိုင်းတိုင်းစစ်ဌာနချုပ်မှာအာဏာသိမ်းစစ်ခေါင်းဆောင် တည်းခိုနေတယ်ဆိုတဲ့သတင်းအရ ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။

ရှော့တိုက်ဒုံး ငါးလုံး နဲ့ပစ်ခတ်ရာမှာ သုံးလုံးက နန်းတွင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အဲဒီအဖွဲ့က ဆိုထားပါတယ်။

အဲဒီပစ်ခတ်မှုကို BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ No More Dictatorship (NMD-PDF) ၊ Shadow (Mandalay) နဲ့ Infinity (အညာ) အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားတာပါ။

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတော့ မန္တလေးနန်းတွင်းထဲ လက်နက်ကြီးကျရောက်တယ်ဆိုတာသတင်းမှားတွေ လို့ တုံ့ပြန်ဖြန့်ဝေထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ဟာ ရွေးကောက်ပွဲအပိုင်း (၃) ပြုလုပ်တဲ့ ဇန်နဝါရီလ ၂၅ ရက်မှာ မန္တလေး ဆီ လာရောက်ခဲ့ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီကိုသွားရောက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့နန်းတွင်းအတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)၏ အဆာက်အအုံများပျက်စီးမှုရှိသည်ကို စစ်ကောင်စီက ပြောဆိုလာသည်။

သတင်း

ဖျက်အားပြင်းငလျင်ကြီးဒဏ်ကြောင့် တစ်မြို့လုံးနီးပါး ပျက်စီးသွားရတဲ့ မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) အခြေစိုက်ရာ နန်းတွင်း က မြို့ရိုးကို စက်ယန္တယားတွေသုံးပြီး ပြင် ဆင်နေပါတယ်။