Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန်မှာ မွေးကင်းစ ကလေးနို့မှုန့်ထဲ အဆိပ်အတောက်ပစ္စည်း ပါနေလို့ ပြန်လည်သိမ်းဆည်း

ဗြိတိန်နိုင်ငံမှာ မွေးကင်းစ ကလေးတွေအတွက် နို့မှုန့်အမျိုးအစား တစ်ခုမှာ အဆိပ်အတောက် ပစ္စည်းတွေ ထောက်လှမ်း တွေ့ရှိတဲ့နောက် အရေးပေါ် ပြန်လည် သိမ်းဆည်းနေရကြောင်း သိရပါတယ်။

ဗြိတိန်နိုင်ငံမှာ မွေးကင်းစ ကလေးတွေအတွက် နို့မှုန့်အမျိုးအစား တစ်ခုမှာ အဆိပ်အတောက် ပစ္စည်းတွေ ထောက်လှမ်း တွေ့ရှိတဲ့နောက် အရေးပေါ် ပြန်လည် သိမ်းဆည်းနေရကြောင်း သိရပါတယ်။

Danone ကုမ္ပဏီဟာ နောက်ဆုံးအသုတ် စျေးကွက်ထဲ ဖြန့်ဝေထားတဲ့ Aptamil First Infant နို့မှုန့်တွေကို စျေးကွက်ထဲကနေ အရေးပေါ် ပြန်လည် သိမ်းဆည်းနေကြောင်း အတည်ပြုခဲ့ပါတယ်။

ကုမ္ပဏီရဲ့ အဆိုအရ နောက်ဆုံးအသုတ် ဖြန့်ဝေခဲ့တဲ့ ထုတ်ကုန်တွေထဲမှာ Cereulideလို့ခေါ်တဲ့ အဆိပ်အတောက် ဓာတ်တစ်မျိုး ပါဝင်နေတာကို ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီ ဓာတ်ပစ္စည်းဟာ ကလေးတွေကို အော့အန်စေနိုင်ပါတယ်။

ဗြိတိန် အစားအသောက် စံသတ်မှတ်မှု အေဂျင်စီ (FSA)ရဲ့ အဆိုအရ အခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးရက် သတ်မှတ်ထားတဲ့ ၈၀၀ ဂရမ် နို့မှုန့်ဘူးတွေမှာပဲ ဒီပြဿနာရှိပြီး တခြား အသုတ်တွေမှာတော့ ပြဿနာ မရှိဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

Danoneက အဲဒီ နို့မှုန့်ဘူးတွေ ဝယ်ယူမိတဲ့ ဖောက်သည်တွေ အနေနဲ့ နီးစပ်ရာ ဆိုင်တွေမှာ ပြေစာပြစရာ မလိုဘဲ အပြည့်အဝ ငွေပြန်အမ်းယူနိုင်တယ်လို့လည်း ပြောပါတယ်။

Cereulideဟာ ချက်ပြုတ်တဲ့အခါ၊ ဒါမှမဟုတ် နို့မှုန့်ဖျော်တဲ့ အခါတွေမှာ ကျေပျက်နိုင်တဲ့ ဓာတ်ပစ္စည်းမျိုး မဟုတ်ဘူးလို့လည်း FSAက ဆိုပါတယ်။ အဲဒီဓာတ်ပစ္စည်းကို စားသုံးမိရင် မူးဝေ အော့အန်တာ၊ ဗိုက်နာတာမျိုး လက္ခဏာတွေ မြန်မြန်ဆန်ဆန် ပြသလာနိုင်တယ်လို့လည်း သိရပါတယ်။

လက်ရှိ ပြန်လည် သိမ်းယူနေတဲ့ နို့မှုန့်တွေဟာ ၂၀၂၅ ခုနှစ် မေလနဲ့ ဇူလိုင်လကြားမှာ စျေးကွက်ထဲ ဖြန့်ထားခဲ့တာ ဖြစ်ပါတယ်။

လဆန်းပိုင်းတုန်းကလည်း ကမ္ဘာကျော် စားသောက်ကုန် လုပ်ငန်းစုကြီး Nestleဟာလည်း မွေးကင်းစ ကလေးနို့မှုန့် အမျိုးအစား တစ်ခု စျေးကွက်ဖြန့်ထားတဲ့ တစ်သုတ်စာမှာ တူညီတဲ့ အဆိပ်အတောက် ဓာတ်ပစ္စည်း ပါဝင်နေကြောင်း တွေ့ရှိလို့ ပြန်လည် သိမ်းဆည်းခဲ့ရဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် လေတပ်စခန်းကနေ အမေရိကန် ဗုံးကြဲလေယာဉ်တွေ ရုပ်သိမ်းခဲ့တာဟာ ခြိမ်းခြောက်မှု အခြေအနေတချို့ ကြုံနေတာကြောင့် ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် သုတေသန လုပ်ငန်းတွေမှာ ငွေကြေးထည့်ဝင် ထောက်ပံ့ပြီး သူလျှိုလုပ်ငန်းတွေအတွက် အသုံးချနေနိုင်ကြောင်း ဗြိတိန် ထောက်လှမ်းရေးဌာန MI5က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ ကာကွယ်ရေး ကဏ္ဍအတွက် ဝေဟင်ဆီဖြည့် အထောက်အပံ့မျိုး ကူညီပေးသွားမယ်လို့ ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

Facebook