Connect with us

Hi, what are you looking for?

သတင်း

ကောလင်းအရှေ့ခြမ်း စစ်တပ် လေကြောင်းတိုက်ခိုက်နေ

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ သတင်းရပါတယ်။

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ သတင်းရပါတယ်။

ဖေဖော်ဝါရီ-၇၊၂၀၂၆၊ရှိန်း၊မိုမို /People’s Spring

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ သတင်းရပါတယ်။

ဒီကနေ့(ဖေဖော်ဝါရီ ၇ ရက်) မနက် ၁၀နာရီခွဲကတည်းက ကောလင်းမြို့နယ်အရှေ့ခြမ်းကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။

“တိုက်ပွဲက ဆက်တိုက်ပဲ။။လေယာဥ်ရော ကာမီကာဇေ(အသေခံဒရုန်း)တွေနဲ့ပါ သုံးတာ”လို့ ကောလင်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ကတည်းက ကျောက်တန်းကျေးရွာအနီးမှာ လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံတွေဆူညံနေပြီး စစ်တပ်ကလည်း ဒရုန်းနဲ့ ဗုံးကြဲတာ တွေလုပ်နေတယ်လို့ ဒေသခံတချို့က အသိပေးထားပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကို ကောလင်းအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေ ကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ကောလင်းမြို့နယ်အရှေ့ဘက်ခြမ်းက ရွှေဘို-မြစ်ကြီးနားလမ်းပိိုင်းဘေးမှာရှိတဲ့ သစ်ဖုလတောင်ကို စစ်တပ်က အထိုင်ချဖို့ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတာလို့ သိရပါတယ်။

အဲဒါကြောင့် စစ်တပ်က မကြာခဏလေကြောင်းကနေ တိုက်ခိုက်နေပြီး ဝန်းသိုမြို့နယ်ကနေပါ စစ်ကူစစ်ကြောင်းတချို့ ပို့ထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

ကောလင်းမြို့အပါအဝင် စစ်ကိုင်းတိုင်းအထက် ပိုင်းက ထီးချိုင့်၊ ကသာနဲ့ ဗန်းမောက်မြို့တွေမှာလည်း တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုကြား စစ်ရေးတင်းမာမှု တွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook