Connect with us

Hi, what are you looking for?

News

တရုတ်၏ မူဝါဒအ​ပြောင်းအလဲ​ကြောင့် (၁၀၅)မိုင်တွင် သစ်သီကားများ အခက်​တွေ့​နေ

ဒီဇင်ဘာ ၂ရက်ကတည်းက တရုတ်နိုင်ငံဘက်သို့ ပထမဦးဆုံး ဖရဲသီးသွားပို့သည့် ကား ၂၆ စီးမှာ လက်ရှိအချိန်ထိ ဈေးကွက်အတွင်းမရောက်ရှိသေးကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါ ဖရဲသီးကား၂၆စီးကို နှစ်ရက်အတွင်း ပြေလည်နိုင်ရန် ကုန်သည်များက မျှော်လင့်​နေသည်။

(မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းတွင် တရုတ်နိုင်ငံသို့ တင်ပို့ရန် စောင့်ဆိုင်းနေသော သစ်သီးကားများကို ​တွေ့ရစဥ်)

မူဆယ်နယ်စပ်ကုန်သွယ်တွင် တရုတ်နိုင်ငံဘက်က မူဝါဒ အပြောင်းအလဲများနေ၍ မြန်မာဘက်မှ သစ်သီးတင်ပို့မှုမှာ အခက်အခဲဖြစ်နေသည်ဟု ကုန်သည်များက ​ပြော သည်။

မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးစခန်းရှိ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲနှင့် သခွားများမှာ တရုတ်နိုင်ငံ၏ အခွန်စနစ် စစ်ဆေးမှု ပိုမိုတင်းကြပ်လာခြင်းကြောင့် ဖြစ်သည်ဟု ကုန်သည်များက ​ပြောသည်။

ဒီဇင်ဘာ ၂ရက်ကတည်းက တရုတ်နိုင်ငံဘက်သို့ ပထမဦးဆုံး ဖရဲသီးသွားပို့သည့် ကား ၂၆ စီးမှာ လက်ရှိအချိန်ထိ ဈေးကွက်အတွင်းမရောက်ရှိသေးကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါ ဖရဲသီးကား၂၆စီးကို နှစ်ရက်အတွင်း ပြေလည်နိုင်ရန် ကုန်သည်များက မျှော်လင့်​နေသည်။

(၁၀၅)မိုင်ဇုန်ရှိ သစ်သီးကား ၁၀ ရာခိုင်နှုန်းခန့်က ပြန်လှည့်ရန် စီစဥ်နေပြီး ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ တရုတ်နိုင်ငံကို သွားပို့ခဲ့သည့် သစ်သီကားအားလုံးမှာ လက်ရှိအချိန် ဈေးကွက်အတွင်းရောင်းချရသည့် အနေအထား မရောက်သေးကြောင်း မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နောက်ထပ်ပို့ဆောင်လာမည့် သစ်သီးကားများအနေဖြင့်လည်း အခြေအနေကို စောင့်ကြည့်ရန် ၎င်းက အကြံပြုသည်။

“ရှေဆက် လုပ်သင့်၊ မလုပ်သင့် စဥ်းစားရမယ့်အချိန် ဖြစ်လာပီ တောင်သူတွေလည်း စဥ်းစားရမဲ့ အချိန်ရောက်လာပြီ”ဟု ကုန်သည်တစ်ဦးက ပြောသည်။

ကားကွင်းအတွင်းရောက်ရှိပြီး ရပ်နားနေသည့် ဖရဲကားများပေါ်ရှိ ဖရဲသီး၊ သခွားမွှေးတို့မှာလည်း ပုတ်သိုးလာပြီး ကုန်သည်အများစုက လက်ရှိအထိစောင့်ဆိုင်းပြီးဖြစ်၍ ပြန်လည်မသယ်ယူတော့ဟု ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။