Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတံတားဂိတ်မှာ ရဲစခန်းထောက်ခံစာမပါတဲ့ ပြည်သူအချို့ ဖမ်းဆီးခံရ

စစ်ကိုင်းတံတားထိပ်စစ်ဆေးရေးဂိတ်မှာ ရဲစခန်းထောက်ခံစာမပါတဲ့ ခရီးသွားပြည်သူအချို့ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတံတားထိပ်နှာပေါက်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တွေ့ရစဥ်။ ဓာတ်ပုံ-Cj

ဖေဖော်ဝါရီ-၁၂၊ ၂၀၂၆။မေရီ/People’s Spring

စစ်ကိုင်းတံတားထိပ်စစ်ဆေးရေးဂိတ်မှာ ရဲစခန်းထောက်ခံစာမပါတဲ့ ခရီးသွားပြည်သူအချို့ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၁၁ ရက်က မန္တလေးမြို့၊ ရတနာပုံတံတား(စစ်ကိုင်းတံတား မန္တလေးဘက်ခြမ်း) ဒေသအခေါ် နှာပေါက် စစ်ဆေးရေးဂိတ်မှာ ခရီးသွားကားတွေကို စစ်ဆေး​မေးမြန်းပြီး ရဲစခန်းထောက်ခံစာမပါတဲ့ ပြည်သူတွေကို စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ဖမ်းဆီးလိုက်တာဖြစ်ကြောင်း စစ်ကိုင်းတိုင်း အခြေစိုက် ကောင်းကင်တော်လှန်ရေးအင်အားစုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“မုံရွာမြို့ပေါ်က သွားဆရာဝန်တစ်ဦးနဲ့ နိုင်ငံခြားခွေး ကူးသန်းရောင်းဝယ်ရေး လုပ်နေတဲ့တစ်ဦး၊ အခြားပြည်သူတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ သတင်းရတယ်”လို့ ကောင်းကင်တော်လှန်ရေးအင်အားစုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက မုံရွာအပါအဝင် တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေက ပြည်သူတွေကို ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာပါမှ ကားလက်မှတ်ရောင်းချဖို့ကိုလည်း ကားဂိတ်တွေကို ညွှန်ကြားထားပါသေးတယ်။

စစ်ကိုင်းတံတား(ရတနာပုံတံတား)ရဲ့ မန္တလေးဘက်ခြမ်းနဲ့ စစ်ကိုင်းဘက်ခြမ်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေဟာ ခရီးသွားပြည်သူတွေ၊ ကုန်တင်ယာဥ်တွေကို စစ်ဆေးပြီး ခြိမ်းခြောက်ငွေညှစ်တာ၊ စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးတာတွေ နေ့စဥ်ပြုလုပ်နေ​ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

(စစ်ကိုင်းတံတားထိပ်နှာပေါက်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

ဆက်စပ်သတင်းများ