နိုဝင်ဘာ-၂၃၊၂၀၂၆။သတိုး/People’s Spring
မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၄ဖွဲ့က ပူးပေါင်းပြီး ပုဂံညီနောင် စစ်ကြောင်းအနေနဲ့ ပူပေါင်းလုပ်ဆောင်သွားမယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ညောင်ဦးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ Black Eagle PDF ၊ Bagan Nyaung Oo Special Task Force PDF ၊ အရိန္ဒမာ PDF နဲ့ ရန်ကြီးအောင် PDF အဖွဲ့တွေက စစ်ရေးကွက်ကဲမှုတွေ ပိုမိုခိုင်မာဖို့နဲ့ တော်လှန်ရေးလုပ်ငန်းတွေ ပိုမိုထိရောက်အောင်လုပ်ဆောင်နိုင်ဖို့ ပုဂံညီနောင် စစ်ကြောင်းကို ဒီနေ့ (နိုဝင်ဘာ၂၃ ) မှာ စတင်ပူးပေါင်းဖွဲ့စည်းလိုက်တာလို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီအဖွဲ့တွေဟာ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ကွက်ကဲမှုကိုခံယူပြီး တော်လှန်ရေး အောင်မြင်တဲ့အထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါတယ်။

Public Service Announcement
ညောင်ဦးမြို့နယ်က ငါ့သရောက်ဒေသနဲ့ ပုဂံမြို့သစ်တောင်ဘက်က ကျေးရွာတွေမှာ စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပါတယ်။ ငါ့သရောက်ဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေပါတယ်။
နိုဝင်ဘာ ၁၁ ရက်ကလည်း ပုဂံ-ညောင်ဦးဘက်မှ ငါ့သရောက်မြို့ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။
























































