Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းပေါ်တာဆွဲခံရသူတွေ‌‌ကို ရှေ့တန်းမလိုက်ရအောင်လုပ်ပေးမယ်ဆိုပြီး စစ်တပ်က ငွေလိမ်ပြန်

စစ်မှုထမ်းပေါ်တာဆွဲခံရသူတွေကို ရှေ့တန်းမလိုက်ရဘဲ မြို့တွင်းမှာ တာဝန်ကျအောင်လုပ်ပေးမယ်ဆိုပြီး စစ်တပ်က ကျပ်သိန်းရာနဲ့ချီ လိမ်လည်တောင်းယူနေတယ်လို့ ပေါ်တာဆွဲခံရသူတွေရဲ့ မိသားစုဝင် တွေက ပြောပါတယ်။

(ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ရောက်လာတဲ့ စစ်မှုထမ်းတွေ။ ဓာတ်ပုံ - စစ်ကောင်စီ)

နိုဝင်ဘာ-၂၄၊၂၀၂၆။ကတ်သရင်း/People’s Spring

စစ်မှုထမ်းပေါ်တာဆွဲခံရသူတွေကို ရှေ့တန်းမလိုက်ရဘဲ မြို့တွင်းမှာ တာဝန်ကျအောင်လုပ်ပေးမယ်ဆိုပြီး စစ်တပ်က ကျပ်သိန်းရာနဲ့ချီ လိမ်လည်တောင်းယူနေတယ်လို့ ပေါ်တာဆွဲခံရသူတွေရဲ့ မိသားစုဝင် တွေက ပြောပါတယ်။

စစ်မှုထမ်းပေါ်တာဆွဲတာ တွေပြုလုပ်ပြီးတဲ့နောက် သင်တန်းကျောင်းတွေ ရောက်ပြီးချိန်မှာ သင်တန်းပေးနေတဲ့တပ်တွေက ရှေ့တန်းမရောက်ဘဲ နေပြည်တော်၊မန္တလေးနဲ့ရန်ကုန်မြို့တို့ကို တာဝန်ကျအောင်လုပ်ပေးမယ်ဆိုပြီး ကျပ်သိန်းရာနဲ့ ချီလိမ်လည် တောင်းယူနေတာလို့ သိရပါတယ်။

“မန္တလေးတောင် ခြေက ၉၅တပ်ရင်းပါ။ကျွန်မ မောင်လေးပါသွားလို့ သွားတွေ့တာ။ငါးသိန်း အရင် တောင်းတယ် ‌‌။ပေးပြီးတော့မှ ထပ်ခါထပ်ခါ တောင်းပြီး ၁၀၀ လောက်ကုန်မယ်လို့ ပြောတယ်။အဲတာနဲ့ ကျွန်မ လိုင်းပေါ်တင်လိုက် တော့မှာ ကိုယ့်လိုအလိမ်ခံခဲ့ရတဲ့သူ တွေအများကြီးပဲ။တချို့စစ်တပ်နဲ့နီးစပ်သူ တွေ၊မိသားစုဝင်တွေက အရာရှိကြီးအသိရှိတယ်။လုပ်ပေးမယ်ဆိုပြီးလိမ်တာ တွေရှိတယ်။သိန်၅၀လောက် အထိပါသွားတာ တွေလည်းရှိတယ်”လို့ ‌‌‌‌‌‌ပေါ်တာဆွဲခံရသူတစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က တိုက်ရိုက်ဆက်သွယ်တာမျိုးရှိသလို ကြားခံကတဆင့် လာရောက်လိမ်လည်ညှိုနှိုင်းတာမျိုး တွေလည်းရှိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်တပ်အရာရှိတွေကိုယ်တိုင်က ပိုက်ဆံတောင်းကာ အဲဒီတပ်ကို မရောက်ရင်ပိုက်ဆံပြန် ပေးမယ်လို့အာမခံကာ ငွေကြေးတောင်းယူတာ တွေလည်းရှိပြီး ရှေ့တန်းပါသွားလို့ ငွေပြန် တောင်းတဲ့အချိန် ရှောင်တိမ်းတာ၊ခြိမ်းခြောက်တာ တွေလုပ်တာမျိုးလည်းရှိတယ်လို့ သိရပါတယ်။

“ဟိုတပ်၊ဒီတပ်ကျမယ်ဆိုတာ တပ်တွေကလုပ်ခွင့်မရှိဘူး။ဆယ်တန်းအောင်၊ဒါမှမဟုတ် ၁၂တန်း အောင် (Any Graduate)ရှိရင် ခြေလျင်မှာ တာဝန်ကျတာနည်းတယ်။လက်ရုံး ရေနဲ့ လေကို ချပေးတယ်။မဟုတ်ရင် ကျည်းမှာကျမယ် ‌‌။ပေါ်လစီရှိပြီးသား။ဒါတွေ အကုန်လုံးကို နေပြည်တော်စစ်ရုံးချုပ်ကလုပ်တာ”လို့ စစ်တပ်အရာရှိတစ်ဦးက ပြောပါတယ်။

ပေါ်တာဆွဲခံရတဲ့ပြည်သူတွေ ထပ်မံလိမ်လည်ခံရပေမယ့် စစ်တပ်က အရာရှိတွေဖြစ်နေတာကြောင့်မတိုင်ရဲကြသလို စစ်တပ်ကလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူတာမျိုးလည်း မရှိထားဘူးလို့သိရပါတယ်။

စစ်တပ်က စစ်မှုထမ်းအပတ်စဉ် (၃၀)အထိ ဖွင့်လှစ်ထားပြီး အပတ်စဉ် (၂၈)ဟာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နိုဝင်ဘာ၂၁ရက်ကသင်တန်းဆင်းထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ