Connect with us

Hi, what are you looking for?

သတင်း

တနိုင်းမှာမုန်ယိုနေဆင် တိုက်ခိုက်လို့လူသုံးဦးသေဆုံး

တစ်လအတွင်းမုန်ယိုတဲ့ဆင်တိုက်ခိုက်လို့ လူဆယ်ဦး​မြောက်သေဆုံးမှုဖြစ်လာ

(သစ်ဆွဲဆင်တ​ကောင် လုပ်ငန်းခွင်ဝင်​နေစဥ်။ဓါတ်ပုံ-အယ်ဂျားဇီးယား )

နိုဝင်ဘာ-၂၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ မုန်ယိုနေတဲ့ဆင် ရန်ပြုလို့ လူသုံးဦးသေဆုံးသွားပါတယ်။တနိုင်းမြို့နယ်၊ပန္နက်ရွာမှာ နိုဝင်ဘာလ ၂၂ ရက်ကစပြီးအိမ်မွေးသစ်ဆွဲ ဆင်‌တစ်ကောင်မုန်ယိုနေတာပါ။ ဖမ်းဆီးဖို့ ကြိုးပမ်းပေမဲ့မမီသေးဘဲနိုဝင်ဘာလ၂၃ရက်နေ့မှာတော့အမျိုးသားသုံးဦးရန်ပြုခံရပြီး သေဆုံးသွားတာလို့ဒေသခံတစ်ဦးကပြောပါတယ်။

“ဆင်ပိုင်တွေကိုအရေးယူရမှာ။သူတို့မှာတာဝန်ရှိပါတယ်။အခုကဆင်ကိုစနစ်တကျမထိန်ချုပ်နိုင်တဲ့အတွက် လူတွေခဏခဏသေဆုံးနေတာပါ”လို့ ဆင်ပိုင်ရှိတဲ့တနိုင်းမြို့ခံတဦးကပြောပါတယ်။

အခုဖြစ်စဉ်ဟာ တနိုင်းမြို့နယ်ထဲမှာ မုန်ယိုတဲ့ဆင်ရန်ပြုလို့ နှစ်လအတွင်း လူဆယ်ဦး​မြောက်သေဆုံးခဲ့တဲ့ဖြစ်ရပ် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့အောက်တိုဘာလ၂၄ရက်နေ့ကလည်းတနိုင်းမြို့နယ်၊ တရုံကျေးရွာမှာ ဒေသခံတစ်ဦးပိုင်ဆိုင်တဲ့သစ်ဆွဲဆင်ထီးတစ်ကောင်မုန်ယိုပြီး လူတွေကိုရန်ပြုတိုက်ခိုက်လို့ဒေသခံခုနစ်ဦး သေဆုံးခဲ့ပါတယ်။အဲဒီဆင်ကို ဒေသခံတွေနဲ့ ဆင်ထိန်းတွေကလိုက်လံဖမ်းဆီး​ဖို့ကြိုးစား​ပေမယ့်မ​အောင်မြင်ခဲ့ဘဲနောက်ဆုံးမှာ ဆင်ကိုသေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

အခုမုန်ယိုတဲ့ ဆင်ကိုလည်း မေ့ဆေးသေနတ်နဲ့ပစ်ပြီးဖမ်းဆီးနိုင်ရေးကြိုးပမ်းနေတယ်လို့ သတင်းရရှိပါတယ်။

ဆင်တွေဟာဟော်မုန်းပြောင်းလဲကြောင့် မုန်ယိုပြီး ပုံမှန်ထက် စိတ်လှုပ်ရှားလွယ်တာ၊ ရန်လိုတာ၊ အခြားဆင်တွေနဲ့ လူတွေကိုရန်ပြု တိုက်ခိုက်တာမျိုးတွေ ရှိပြီး ကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့ မေ့ဆေးသေနတ် အသုံးပြုပစ်ခတ်ထိန်းသိမ်းနိုင်ဖို့နဲ့ အကယ်၍ မထိန်းသိမ်းနိုင်သေးဘူးဆိုရင် လူတွေအနေနဲ့ဘေးကင်းရာမှာနေကြဖို့ ဆင်ထိန်းအတွေ့အကြုံရှိသူတချို့ကပြောပါတယ်။

ဆင်‌ကိုအသက်သေဆုံးတဲ့အထိပစ်ခတ်သတ်ဖြတ်တာမျိုးမလုပ်သင့်ဘူးလို့လည်း ၎င်းတို့က အကြံပေးပါတယ်။

ဆက်စပ်သတင်းများ