Connect with us

Hi, what are you looking for?

News

ဟားခါး CDF နှင့်တိုက်ပွဲ စစ်​ကောင်စီတပ်သား ၁၀ဦး​သေဆုံး

ချင်းပြည်နယ် ဟားခါးမြို့နယ် မှ ဂန့်ဂေါမြို့အကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF-Hakhaတို့ ယ​နေ့ (ဇွန်လ ၁၀ရက်)ညနေ ၃ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်သား ၁၀ဦး ​သေဆုံးခဲ့​ကြောင်း CDF က သတင်းထုတ်ပြန်သည်။

ထို့အပြင် CDF-Hakha ဘက်မှ ထိခိုက်ဒဏ်ရာကျဆုံးမှု မရှိခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

ယ​နေ့တွင် ချင်းပြည်နယ် ခွာဟရိန်း​တောင်​ကြောတစ်​နေရာ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အာဏာသိမ်းစစ်​ကောင်စီမှ ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦး အပါအဝင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး​သေဆုံးခဲ့​ကြောင်း ချင်း​ဒေသကာကွယ်​ရေးအဖွဲ့ -ထန်တလန်(CDF- Thantlang)က သတင်းထုတ်ပြန်ထားသည်။

ဇွန်လ၁၀ ရက်နံနက် ၁၀ နာရီဝန်းကျင်က ခွာဟရိန်း​တောင်​ကြောတစ်​နေရာ၌ ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၂၆ ​ယောက်အနက် ၁၇ ဦး​သေဆုံးခဲ့သည်။ CDF-ထန်တလန် တပ်ဖွဲ့ဝင်​များဘက်တွင် ထိခိုက်ကျဆုံးမှု မရှိကြောင်း ​ဖော်ပြထားသည် ။

ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်​ကောင်စီကို ချင်း​ဒေသကာကွယ်​ရေးတပ်ဖွဲ့​များက ​တော်လှန်တိုက်ခိုက်​နေရာ စစ်​ကောင်စီတပ်ဖွဲ့က စစ်အင်အာအများအပြားအသုံးပြုတိုက်ခိုက်​နေ​​သော်လည်း CDF တပ်ဖွဲ့ဝင်​များ၏ ရဲစွမ်းသတ္တိနဲ့ တိုက်ရည်ခိုက်ရည်​ကောင်းမွန်မှု​ကြောင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်​အ​ရေအတွက်များစွာမကြာခဏ​သေဆုံး​နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook