Connect with us

Hi, what are you looking for?

LuduNwayOo

News

ဟားခါး CDF နှင့်တိုက်ပွဲ စစ်​ကောင်စီတပ်သား ၁၀ဦး​သေဆုံး

ချင်းပြည်နယ် ဟားခါးမြို့နယ် မှ ဂန့်ဂေါမြို့အကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF-Hakhaတို့ ယ​နေ့ (ဇွန်လ ၁၀ရက်)ညနေ ၃ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်သား ၁၀ဦး ​သေဆုံးခဲ့​ကြောင်း CDF က သတင်းထုတ်ပြန်သည်။

ထို့အပြင် CDF-Hakha ဘက်မှ ထိခိုက်ဒဏ်ရာကျဆုံးမှု မရှိခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

ယ​နေ့တွင် ချင်းပြည်နယ် ခွာဟရိန်း​တောင်​ကြောတစ်​နေရာ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အာဏာသိမ်းစစ်​ကောင်စီမှ ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦး အပါအဝင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး​သေဆုံးခဲ့​ကြောင်း ချင်း​ဒေသကာကွယ်​ရေးအဖွဲ့ -ထန်တလန်(CDF- Thantlang)က သတင်းထုတ်ပြန်ထားသည်။

ဇွန်လ၁၀ ရက်နံနက် ၁၀ နာရီဝန်းကျင်က ခွာဟရိန်း​တောင်​ကြောတစ်​နေရာ၌ ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၂၆ ​ယောက်အနက် ၁၇ ဦး​သေဆုံးခဲ့သည်။ CDF-ထန်တလန် တပ်ဖွဲ့ဝင်​များဘက်တွင် ထိခိုက်ကျဆုံးမှု မရှိကြောင်း ​ဖော်ပြထားသည် ။

ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်​ကောင်စီကို ချင်း​ဒေသကာကွယ်​ရေးတပ်ဖွဲ့​များက ​တော်လှန်တိုက်ခိုက်​နေရာ စစ်​ကောင်စီတပ်ဖွဲ့က စစ်အင်အာအများအပြားအသုံးပြုတိုက်ခိုက်​နေ​​သော်လည်း CDF တပ်ဖွဲ့ဝင်​များ၏ ရဲစွမ်းသတ္တိနဲ့ တိုက်ရည်ခိုက်ရည်​ကောင်းမွန်မှု​ကြောင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်​အ​ရေအတွက်များစွာမကြာခဏ​သေဆုံး​နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။