Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးက ယာယီဆေးရုံကို စစ်တပ်ဗုံးကြဲလူနာတစ်ဦးအပါအဝင်ပြည်သူ ၃ဦးသေ၊ ၆ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာက ယာယီဆေးရုံကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်လို့ လူနာတစ်ဦးအပါအဝင် ပြည်သူ ၃ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

(လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ ဓါတ်ပုံ − ခင်ဦးမြို့ နယ် သတင်းမှန်ပြန်ကြားရေး)

ဖေဖော်ဝါရီ−၁၈၊ ၂၀၂၆ ​ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာက ယာယီဆေးရုံကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်လို့ လူနာတစ်ဦးအပါအဝင် ပြည်သူ ၃ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ၁၇ရက်ည၁၀နာရီကျော်မှာရွှေဘို-ရေဦးကားလမ်းဘေးရှိ ခင်ဦးနယ်အနောက်ခြမ်း တိုက်နယ်(၂) ညောင်ပင်ကြီးစုကျေးရွာရှိ အထက်တန်းကျောင်းမှာ ယာယီဖွင့်ထားတဲ့ ဆေးရုံကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာပါ။ယာယီဆေးရုံအနီးတစ်ဝိုက်ကို ပေါင် ၃၀၀ လို့ယူဆရတဲ့ ဗုံးသီး၁လုံးကြဲပြီး ရွာကိုပက်ကာရွာအတွင်း နောက်ထပ် ၂လုံး ကြဲခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အသက် ၄၀နှစ်နဲ့ ၆၀ နှစ်အရွယ် အမျိုးသား ၂ ဦး၊ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။ဒါအပြင် ကျေးရွာနေ ပြည်သူ ၆ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အရင်က ဆေးရုံကို ပစ်ဖူးလို့ ကုတင်တွေရွှေ့ထားတာ။အခုဟာလည်း နေရာပြန်ပြောင်းထားပြီ။လူနာက၁ယောက်ဆုံးတယ်။ ကျန်တာက လူနေအိမ်တွေထဲကထိတာ။ လမ်းဘေး ဓာတ်ဆီဆိုင်က၂ယောက်ဆုံးတယ်။”လို့ အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် နေအိမ်အချို့နဲ့ စာသင်ကျောင်းဆောင်တစ်ဆောင် ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ပြည်သူများအနေနဲ့ လေကြောင်းသတင်းကိုနည်းလမ်းမျိုးစုံထောက်လှမ်းကာ မပေါ့ဆဘဲ နေထိုင်ကြဖို့ ၊ကြိုတင်ကာကွယ်ရေးများ ပြုလုပ်ထားကြဖို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

ခင်ဦးမြို့နယ်ဟာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ခံခဲ့ရပြီး ပြီးခဲ့တဲ့၂၀၂၅ခုနှစ်ဒီဇင်ဘာနဲ့ ၂၀၂၆ဇန်နဝါရီအတွင်းမှာကုန်တင်ယာဥ်တွေ၊ ခရီးသည်တင်ကားတွေ၊ စစ်ရှောင်ပြည်သူတွေကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ဆယ်ချီသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ