Connect with us

Hi, what are you looking for?

News

မန္တ​လေး နန်းရှေ့ရဲစခန်း ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲနှစ်ဦးသေဟုဆို

လက်ရှိအ​ခြေအ​နေတွင် နန်းရှေ့လမ်းအား စစ်ကောင်စီတပ်များက ပိတ်လိုက်ပြီဖြစ်ပြီး ပြည်သူများအနေဖြင့် ရှောင်ကွင်းသွားလာကြရန် ပြောက်ကျားတက်ဖွဲ့က သတိပေးထားသည်။

မန္တလေးမြို့ နန်းရှေ့ရှိ အမှတ်(၁)ရဲစခန်းအား ဗုံးဖြင့်ပစ်ခတ်တိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ် Rangers Of Mandalay(ROM)က ယနေ့(ဒီဇင်ဘာ ၈)ညတွင် ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက် အောက်ခံ ရဲနှစ်ဦးသေဆုံးပြီး ၎င်းတို့ဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မတရားသေဆုံးသွားရသော ပြည်သူများအတွက် သွေးကြွေး”ဟု ROM က ဆိုသည်။

လက်ရှိအ​ခြေအ​နေတွင် နန်းရှေ့လမ်းအား စစ်ကောင်စီတပ်များက ပိတ်လိုက်ပြီဖြစ်ပြီး ပြည်သူများအနေဖြင့် ရှောင်ကွင်းသွားလာကြရန် ပြောက်ကျားတက်ဖွဲ့က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အ​​ပြင် ပြည်သူများအ​​ဖြင့် CCTV များ ဖြုတ်ပေးကြရန်နှင့် ဒေသခံ​​ပြောက်ကျားတပ်ဖွဲ့(ပကဖ)များ၏ ထုတ်ပြန်ချက်များကို လိုက်နာပေးကြရန် အထူးလိုအပ်​​ကြောင်းလည်း ROM က ထောက်ပြသည်။

အထက်ပါတိုက်ခိုက်မှုကို Rangers Of Mandalay နှင့် Mandalay Revolution Youth Force တို့ ပူးတွဲစစ်ဆင်ရေးပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ခံခဲ့ရ​​သော မန္တလေးမြို့အမှတ်(၁) ရဲစခန်းမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်ကလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုင်ခံရဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။