Connect with us

Hi, what are you looking for?

သတင်း

BNRAတပ်ဖွဲ့ဝင်တွေ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာ ဆက်ပါဝင်ဖို့ NUG ဖိတ်ခေါ်

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆။ ထားမြတ်၊အိမ်သွင်/People’s Springဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)တပ်ဖွဲ့မှ ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့တပ်ဖွဲ့ဝင်တွေ စိတ်ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာ ပူးပါင်းပါဝင်ပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်တိုက်ပွဲဝင်နိုင်ဖို့ စီစဉ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

(ဗိုလ်နဂါးနဲ့ BNRAတပ်ဖွဲ့ဝင်အချို့။ဓါတ်ပုံ-BNRA)

■တော်လှန်ရေးရဲ့ဆူး‌ညှောင့်တစ်ခုကို ဖယ်ရှားဖို့ စစ်အင်အားသုံးရတာလို့ ရှင်းလင်း

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆။ ထားမြတ်၊အိမ်သွင်/People’s Springဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)တပ်ဖွဲ့မှ ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့တပ်ဖွဲ့ဝင်တွေ စိတ်ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာ ပူးပါင်းပါဝင်ပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်တိုက်ပွဲဝင်နိုင်ဖို့ စီစဉ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

BNRA အဖွဲ့မှ ပြစ်မှုရှိသူများကို အရေးယူမှုအခြေအနေ သတင်းထုတ်ပြန်ချက်မှာ အခုလို အသိပေးထားတာပါ။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်နဲ့ ဆက်စပ်နေရာတွေမှာ BNRAဦးဆောင်သူ နိုင်လင်း (ခ) ထင်လင်း (ခ)ဗိုလ်နဂါးဟာ ပြည်သူ့တော်လှန်‌ရေးနဲ့ တရားဥပဒေ စိုးမိုး‌ရေးကို ဆန့်ကျင်တဲ့လုပ်ရပ်တွေကို ကိုယ်တိုင် လုပ်ဆောင်တာ၊ တပ်ဖွဲ့ဝင်တွေကို လုပ်ဆောင်စေတာ ၊ တပ်ဖွဲကဝင်တွေ လုပ်ဆောင်တာကို မျက်ကွယ်ပြုတာတွေကြောင့် အရေးယူဆောင်ရွက်ခဲ့ရတဲ့ အခြေအနေကို အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ရန်သူအကြမ်းဖက်စစ်တပ်နဲ့ ဆက်သွယ်ခြင်း၊ သတင်းပေးပို့ခြင်း စတဲ့ လုပ်ရပ် အတွက် ယုံကြည်ရလောက်တဲ့ အထောက်အထား ရှိနေတာ အပါအဝင် အချက် ၄ချက်ကြောင့် BNRA အဖွဲ့မှ ပြစ်မှုရှိသူတွေကို အရေးယူ ဆောင်ရွက်ခဲ့တာလို့ အသိပေးပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ သာမန် တရားဥပဒေစိုးမိုးရေးယန္တရား သက်သက်ဖြင့် ဆောင်ရွက်ဖို့ မဖြစ်နိုင်တော့လို့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက် နိုင်ဖို့ တော်လှန်ရေးရဲ့ ဆူး‌ညှောင့်တခုကို ဖယ်ရှား ရှင်းလင်းဖို့ စစ်အင်အား အသုံးပြုခြင်းကို မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။

ပြည်သူလူထုအပေါ် ဖိနှိပ်ခြင်း၊ သက်ငယ်မုဒိန်းမှု၊ လူသတ်မှု၊ လူသတ်အလောင်းဖျောက်မှုစတဲ့ ရာဇဝတ်မှုများ ကျူးလွန်တာတွေ ရှိခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

ဒါ့အပြင် တရားမဝင် အခွန်ဂိတ်များ ဖွင့်လှစ်ကာ အခွန်ကောက်ခံရုံသာမက ဂိတ်နဲ့ အတူ အများပြည်သူသုံးလမ်းတွေမျာ လူအင်အား (၅၀-၁၀၀) ဝန်းကျင်ဖြင့် အထိုင်စခန်း ချတာ၊ မိုင်းများထောင်တာ၊အများပြည်သူသွားလာမှုကိုအနှောင့် အယှက်ပြုတာ၊ အုပ်ချုပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေး ကဲ့သို့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို နှောင့်ယှက်တာ၊ NUG ကာကွယ်ရေးရဲ့ စစ်ရေးအရ လှုပ်ရှားသွားလာမှုကို ကန့်သတ်နှောင့်ယှက်ဖို့ ကြိုးပမ်းတာ စတာတွေလည်း BNRA ကလုပ်ဆောင်ခဲ့တယ်လို့ အသိပေးပါတယ်။

NUGရဲ့ ဂိတ်စခန်းများကို စီးနင်းတာ၊ တပ်ဖွဲ့ဝင်တွေ တာဝန်ရှိသူတွေကို ပစ်ခတ်တာ၊ သတ်ဖြတ်တာတွေ ဆောင်ရွက်လာခြင်းနဲ့ ကျူးလွန်ထားတဲ့ပြစ်မှု တွေနဲ့ပတ်သက်ပြီး အတွင်း ကျကျ သိရှိနိုင်သူတွေကို လုပ်ကြပ်တာနဲ့ ဆက်လုပ်လာနိုင်ခြေရှိတာ ကြောင့် အခုလို စစ်ရေး အသုံးပြုခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲဒီလို အရေးယူမှု လုပ်ငန်းစဉ်အား ဆောင်ရွက်စဉ် ပြည်သူလူထုအား ထိတ်လန့်စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ခြင်းအတွက်လည်း ဝန်ကြီးဌာနအနေဖြင့် များစွာ စိတ်မကောင်းဖြစ်ရကြောင်းလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ