Connect with us

Hi, what are you looking for?

News

မုံးကိုး​ဒေသသို့ ကားစီးရေ ၂၀ကျော်ဖြင့် စစ်ကောင်စီအင်အားဖြည့်နေ၍ တိုက်ပွဲဆက်ပြင်းထန်နိုင်ဟု MNDAA အသိ​ပေး

စစ်ကောင်စီ၏ ထိုးစစ်ဆင်လာမှုများကိုလည်း MNDAAက ပြောက်ကျားစနစ်ဖြင့် ကြိုးကြားကြိုးကြားပြန်လည်တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်သို့ အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကား ၂၃စီးဖြင့် အင်အားဖြည့်တင်းနေ၍ တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်ကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၈ရက်က စစ်ကောင်စီတပ် ယာဉ်တန်းသည် မူဆယ်မှ (၁၀၅)မိုင်သို့ ချီတက်လာကြောင်း ထိုစစ်ယာဉ်တန်းများသည် မုံးကိုးခရိုင်ဘက်သို့ စစ်ကူရန် ချီတက်လာနိုင်ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင်စစ်ကောင်စီတပ်က MNDAA တပ်ရှိရာ ရှိကျိကျတောင်တန်းနှင့် မန်ရန်တပ်စခန်းကို လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ရက်တည်း လက်နက်ကြီးကျည် အချက် ၈၀ကျော် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ထိုးစစ်ဆင်လာမှုများကိုလည်း MNDAAက ပြောက်ကျားစနစ်ဖြင့် ကြိုးကြားကြိုးကြားပြန်လည်တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် မုံးကိုးဒေသ၌ တိုက်ပွဲဖြစ်ပွးနေသည်မှ ​လေးလခန့်ရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။