Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကဘူးလ် တိုက်ခိုက်လာတဲ့ ပါကစ္စတန် တိုက်လေယာဉ်တွေကို ပစ်ခတ်ခဲ့ကြောင်း အာဖဂန်ပြော

လေပိုင်နက်ထဲ ကျူးကျော်တိုက်ခိုက်လာတဲ့ ပါကစ္စတန် တိုက်လေယာဉ်တွေကို တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း အာဖဂန် နစ္စတန်က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

လေပိုင်နက်ထဲ ကျူးကျော်တိုက်ခိုက်လာတဲ့ ပါကစ္စတန် တိုက်လေယာဉ်တွေကို တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း အာဖဂန် နစ္စတန်က ကြေညာခဲ့ပါတယ်။

အီရန်စစ်ပွဲကို ဗဟိုပြုပြီး အရှေ့အလယ်ပိုင်းမှာ စစ်မီးတောက်လောင်နေသလို ပါကစ္စတန်နဲ့ အာဖဂန်ကြားက စစ်ရေးပဋိပက္ခကလည်း ပိုမို အရှိန်မြင့်တက်လာနေပါတယ်။

အာဖဂန်ကို အုပ်ချုပ်နေတဲ့ အာဖဂန် တာလီဘန် အစိုးရက ပါကစ္စတန် လေတပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကဘူးလ်မြို့တော်မှာ ရှိနေတဲ့ အာဖဂန် အစိုးရ ရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အဲဒီအတွက် လက်တုံ့ပြန် ပစ်ခတ်ခဲ့တာလို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ပါကစ္စတန်ဖက်ကတော့ အာဖဂန်ကို ရည်ရွယ်ချက်ရှိရှိ ရန်လို တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အာဖဂန် ပိုင်နက်ထဲမှာ လုပ်ဆောင်သမျှ စစ်ဆင်ရေးတွေဟာ စစ်သွေးကြွတွေကိုသာ ပစ်မှတ်ထားခဲ့တာလို့ တုံ့ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ပါကစ္စတန် အစိုးရက အာဖဂန် တာလီဘန်တွေဟာ ပါကစ္စတန် တာလီဘန် အပါအဝင် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့အစည်းတွေကို ခိုလှုံ့ခွင့် ပေးထားကြောင်း အစဉ်တစိုက် စွပ်စွဲ ပြောဆိုထားပါတယ်။

မတ်လ ၁ ရက်နေ့မှာတော့ ကဘူးလ်မြို့ ကောင်းကင်ယံကို ဝင်ရောက်လာတဲ့ ပါကစ္စတန် ဂျက်တိုက်လေယာဉ်တွေကို တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း အာဖဂန် တာလီဘန် အစိုးရက ပြောပါတယ်။ မြို့ခံတွေကလည်း ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေနဲ့ ဆူညံနေခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အာဖဂန် ပိုင်နက်ထဲက စစ်သွေးကြွ ပစ်မှတ်တွေလို့ စွပ်စွဲထားတဲ့ နေရာတွေကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး အာဖဂန်ဖက်က လက်တုံ့ပြန်ခဲ့ရာက နှစ်ဖက်ကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ ပါကစ္စတန်က အာဖဂန် တာလီဘန်တွေအပေါ် အလုံးစုံ စစ်ပွဲ ဆင်နွှဲတော့မယ်လို့ ကြေညာခဲ့ပါတယ်။

မူလက ဆော်ဒီအာရေးဘီးယားနဲ့ ကာတာ အစိုးရတွေဟာ အာဖဂန်-ပါကစ္စတန် ပဋိပက္ခကို ပြေလည်မှု ရရှိစေဖို့ ကြားဝင် စေ့စပ်ပေးနေခဲ့ပါတယ်။ ဒါပေမဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲစတင်လာချိန်မှာ အီရန်ရဲ့ တိုက်ခိုက်မှုကို ကြုံလာတဲ့နောက် ဆော်ဒီနဲ့ ကာတာတို့ဟာလည်း စေ့စပ်ညှိနှိုင်းပေးရေး ကိစ္စကို အာရုံမစိုက်နိုင်ဘဲ ပြည်တွင်းက ကာကွယ်ရေး အစီအမံတွေအတွက် ဗျာများနေကြရပြီ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ပါကစ္စတန် နိုင်ငံက ရဲစခန်း တစ်ခုမှာ ဖွင့်လှစ်ထားရာ ဗလီကို အသေခံ ဗုံးခွဲပြီး ဝင်ရောက် စီးနင်းပစ်ခတ်တဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆေးရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ရာက မွေးကင်းစ ကလေးငယ် ၁၄ ဦး သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်ကို တာလီဘန်တွေ ပြန်လည် အုပ်စိုးမှု ၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို မြို့တော် ကဘူးလ်မှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယား၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ ကာကွယ်ရေးဆိုင်ရာ သဘောတူ ကတိစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။