Connect with us

Hi, what are you looking for?

သတင်း

ပါကစ္စတန် ဗလီတစ်ခုမှာ အသေခံ ဗုံးခွဲမှုနဲ့ ပစ်ခတ်မှုကြောင့် ၃၁ ဦးထက်မနည်းသေဆုံး

ပါကစ္စတန် နိုင်ငံက ရဲစခန်း တစ်ခုမှာ ဖွင့်လှစ်ထားရာ ဗလီကို အသေခံ ဗုံးခွဲပြီး ဝင်ရောက် စီးနင်းပစ်ခတ်တဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ပါကစ္စတန် နိုင်ငံက ရဲစခန်း တစ်ခုမှာ ဖွင့်လှစ်ထားရာ ဗလီကို အသေခံ ဗုံးခွဲပြီး ဝင်ရောက် စီးနင်းပစ်ခတ်တဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့က ခိုဟတ်မြို့ ရဲဌာနချုပ် ဝင်းထဲက ဗလီမှာ သောကြာနေ့ ဝတ်ပြုသူတွေ စုဝေးနေချိန် ဖောက်ခွဲရေး ကိရိယာတွေ တင်ထားတဲ့ ကားတစ်စီးက ဗလီအဝင်ဝကို ဝင်တိုက်ပြီး ဖောက်ခွဲခဲ့ပါတယ်။ အဲဒီနောက် သေနတ်သမားတွေနဲ့ ရဲတွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့ ခိုဟတ်မြို့ဟာ အာဖဂန် နစ္စတန်နဲ့ နယ်စပ်နားက ခိုင်ဘာ ပက်တွန်ခွာ ပြည်နယ်ထဲမှာ တည်ရှိပါတယ်။ အခုတိုက်ခိုက်မှုအတွင်း ရဲ ၁၆ ဦး အပါအဝင် စုစုပေါင်း ၃၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ဇူဖီကာ ဟာမိဒ်က အသေခံ ဗုံးခွဲမှု ပြီးတာနဲ့ သေနတ်သမားတွေဟာ ရဲစခန်းဝင်းထဲ ဝင်ရောက်ဖို့ ကြိုးစားရာက ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အသေခံ ဗုံးခွဲမှုကို ကျူးလွန်တာဟာ သူတို့လက်ချက်ဖြစ်ကြောင်း ပါကစ္စတန် အခြေစိုက် တာလီဘန် အဖွဲ့ခွဲဖြစ်ပြီး TTPလို့ အတိုကောက် ခေါ်ဝေါ်တဲ့ တာရစ်ခ်အီ တာလီဘန် ပါကစ္စတန်က ကြေညာခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူကလည်း ၇၅ ဦးထက်မနည်း ရှိခဲ့ပြီး အခြေအနေ စိုးရိမ်ရသူတွေလည်း ပါဝင်နေပါတယ်။

ဗလီဟာ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပြီး ရဲစခန်း အဆောက်အအုံရဲ့ အပြင်ဖက် နံရံလည်း ပြိုကျသွားခဲ့ပါတယ်။ ပေါက်ကွဲသံကြီးကို ကီလိုမီတာနဲ့ချီ ကွာဝေးတဲ့ နေရာတွေကနေပါ ကြားခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။

TTPဟာ အရင်ကလည်း အာဖဂန် အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ဖူးပါတယ်။ TTPဟာ အာဖဂန်မှာ တကျော့ပြန် အာဏာရလာတဲ့ တာလီဘန်တွေနဲ့ သီးခြားစီ ရပ်တည်နေပေမယ့် နှစ်ဖက်ကြားမှာ မဟာမိတ် ဆက်ဆံရေးကိုတော့ တည်ဆောက်ထားပါတယ်။

ကိုးကား: Al Jazeera, AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆေးရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ရာက မွေးကင်းစ ကလေးငယ် ၁၄ ဦး သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယား၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ ကာကွယ်ရေးဆိုင်ရာ သဘောတူ ကတိစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။