Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နဲ့ ရွှေဘိုကဒေသခံတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။

မတ်-၁၂၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာ အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်က ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

နယ်မြေမတည်ငြိမ်တဲ့ကြားက တော်လှန်ပြည်သူတွေက “အကြမ်းဖက်စစ်အာဏာရှင်ကို အလိုမရှိကြောင်း” ၊ “စစ်အာဏာရှင်စနစ် ကျရှုံးပါစေ” ၊ “အရေးတော်ပုံမုချအောင်ရမည်” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး စစ်ဘေးရှောင်ရင်း မန္တလေးတိုင်းကို ရွှေ့ပြောင်း ကျပန်းလုပ်ကိုင်စားသောက်နေကြရာက ထပ်မံစစ်ဘေးရှောင်ရတာကြောင့် အခက်အခဲတွေကြုံတွေ့နေရတဲ့ ပြ​ည်သူတွေကို လှူဒါန်းမှုတွေ သွားရောက်ပြုလုပ်ခဲ့ပါတယ်။

မတ်လ၅ရက်က ရေတွင်းကုန်းကျေးရွာအုပ်စုမှာ စစ်တပ်က ပြည်သူတွေကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း​တွေနဲ့ စစ်သား​တွေကို ဒရုန်းဖြင့်ရိူက်ကူးထားတဲ့ပုံမှာတွေ့ရစဉ်။ ဓာတ်ပုံ – KNU

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။