Connect with us

Hi, what are you looking for?

သတင်း

ဝါရှင်တန်က စစ်ကောင်စီသံရုံးနဲ့ တရုတ် သံအမတ်နေအိမ်ရှေ့မှာ ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နေ့ လှုပ်ရှားမှု ပြုလုပ်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့နဲ့ တရုတ်သံအမတ်အိမ်ရှေ့တို့မှာ ပြည်ပရောက် မြန်မာတွေစုပေါင်းပြီး ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နေ့အဖြစ် ဆန္ဒပြဆုတောင်းပွဲကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

မတ်-၁၄၊၂၀၂၆။ သုည/People’s Spring

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့နဲ့ တရုတ်သံအမတ်အိမ်ရှေ့တို့မှာ ပြည်ပရောက် မြန်မာတွေစုပေါင်းပြီး ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နေ့အဖြစ် ဆန္ဒပြဆုတောင်းပွဲကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

၁၉၈၈အရေးတော်ပုံမှာ အသက်ပေးခဲ့ရတဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင်နဲ့ ဒီမိုကရေစီအရေးမှာ အသက်ပေးခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အတွက် ရည်ရွယ်ကာပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

စက်မှုတက္ကသိုလ်၊ ပဉ္စမနှစ်ကျောင်းသား ကိုဖုန်းမော်ဟာ ၁၉၈၈ မတ် ၁၃ရက်မှာ စစ်တပ်က ပစ်ခတ်လို့ အသက်ဆုံးရှုံးခဲ့တာဖြစ်ပြီး ကိုဖုန်းမော် ကျဆုံးခဲ့တဲ့နေ့ကို မြန်မာ့လူ့အခွင့်အရေးနေ့ အဖြစ် နိုင်ငံရေးအသိုက်အဝန်းက သတ်မှတ်ဂုဏ်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေဟာ အမေရိကန်အစိုးရနဲ့ လွှတ်တော်ကိုချဉ်းကပ်ပြီး စစ်ကောင်စီကို အစိုးရတရပ်အဖြစ် အသိအမှတ် မပြုရေး၊ အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေ ပိုပြီးပြုလုပ်ဖို့၊ တော်လှန်ရေးအင်အားစုတွေကို အသိအမှတ်ပြုပြီး အကူအညီပေးဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ဓာတ်ပုံ – CJ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။