မတ်-၂၄၊၂၀၂၆။People’s Spring
တရုတ်ရဲ့ ပြည်နယ်တစ်ခုအဖြစ် ရည်ညွှန်းခံရတဲ့နောက် ထိုင်ဝမ်ဟာကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO)ရဲ့ ညီလာခံ တက်ရောက်မယ့် အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါတယ်။
အိမ်ရှင်နိုင်ငံ ကင်မရွန်းက ထိုင်ဝမ်နဲ့ ပတ်သက်ပြီး သတ်မှတ်သုံးနှုန်းတဲ့ ဝေါဟာရကြောင့်WTO ညီလာခံ တက်ရောက်မယ့် ကိစ္စကို ပထမဆုံးအကြိမ်အဖြစ် ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း ထိုင်ဝမ်က မတ်လ ၂၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ကျွန်းနိုင်ငံကို တရုတ်ရဲ့ ပြည်နယ်တစ်ခုအဖြစ် ကင်မရွန်းက သုံးနှုန်းခဲ့တဲ့အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်းလည်း ပြောပါတယ်။ အစည်းအဝေးတက်မယ့် ကိုယ်စားလှယ်တွေ ကင်မရွန်းဆီ ထွက်ခွာဖို့ စီစဉ်ထားပေမယ့် အဲဒီအသုံးအနှုန်းနဲ့ စာရွက်စာတမ်းတွေ ရောက်ရှိလာချိန်မှာ ထိုင်ဝမ်က ခရီးစဉ်ကို ဆိုင်းငံ့စေပြီး ကင်မရွန်းဆီအရေးဆိုခဲ့ပါတယ်။

Public Service Announcement
WTO ညီလာခံကို မတ်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ယိုအွန်ဒီမြို့မှာ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ထိုင်ဝမ်ဖက်က ကနဦး ကန့်ကွက်မှုအပြီး ကင်မရွန်းဟာ ထိုင်ဝမ် ကိုယ်စားလှယ် အဖွဲ့ကိုဗီဇာကင်းလွတ်ခွင့် ပြုကြောင်းတုံ့ပြန်အကြောင်းကြားလာပေမယ့် ထပ်မံပေးပို့လာတဲ့ စာရွက်စာတမ်းတွေမှာ နိုင်ငံသား သတ်မှတ်ချက်ကို ဖော်ပြမထားသလို အားလုံးကို အမျိုးသမီးတွေလို့ စာရင်းသွင်းထားကြောင်းလည်း ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ဒါကြောင့် ကင်မရွန်းဟာ အခုကိစ္စကို လေးလေးနက်နက် ဖြေရှင်းလိုတဲ့ သဘောဆန္ဒ မရှိမှန်းလည်း ပေါ်လွင်နေတယ်လို့ထိုင်ဝမ်ကစွပ်စွဲခဲ့သလိုအစည်းအဝေး မတက်တော့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် ကြေညာထားပေမယ့် ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ ကိုယ်ပိုင်နိုင်ငံတစ်ခုအဖြစ် ရပ်တည်ဖို့ကိုသာ လိုလားနေပါတယ်။ နိုင်ငံတကာ အစည်းအဝေးတွေမှာ ထိုင်ဝမ်၊ ဒါမှမဟုတ် နိုင်ငံရဲ့ ကိုယ်ပိုင်နာမည်ဖြစ်တဲ့ တရုတ်ပြည်သူ့နိုင်ငံဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ဖော်ပြမှုကို တရုတ်က အပြင်းအထန် ကန့်ကွက်လေ့ရှိပါတယ်။
ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက WTOဆီ ၂၀၀၂ ခုနှစ်မှာ ဝင်ရောက်ခဲ့ချိန်တုန်းက ဘယ်နိုင်ငံရဲ့ လက်အောက်ခံ ဒေသမှ မဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့ နယ်မြေတစ်ခုအဖြစ် အတိအလင်း အသိပြု ခံထားရကြောင်း၊ WTOမှာ တခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့တန်းတူပါဝင်ခွင့်ကိုလည်း ကန့်သတ်လျှော့ချလို့ မရကြောင်း ပြောပါတယ်။
WTOကတော့ ထိုင်ဝမ်နဲ့ ကင်မရွန်းတို့ကြားက ပြဿနာအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ WTOမှာ မှတ်ပုံတင်ထားတဲ့ ထိုင်ဝမ်ရဲ့ တရားဝင် နာမည် သတ်မှတ်ချက်ကတော့ ထိုင်ဝမ်၊ ပန်ဂူ၊ ကင်မန်နှင့် မတ်ဆု သီးခြား သတ်မှတ် နယ်မြေ ဖြစ်ပါတယ်။
ကိုးကား: AFP


















































