Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် ဓာတ်အားပေး ကွန်ရက်တွေကို တိုက်ခိုက်မယ့် အစီအစဉ်ကို ထရမ့်က နောက်ထပ် ၁၀ ရက် နောက်ဆုတ်ပေး

အီရန်ရဲ့ ဓာတ်အားပေး ကွန်ရက်တွေကို တိုက်ခိုက်မယ့် အစီအစဉ် ဆိုင်းငံ့ထားမှုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သက်တမ်း ထပ်တိုးလိုက်ပါတယ်။

အီရန်ရဲ့ ဓာတ်အားပေး ကွန်ရက်တွေကို တိုက်ခိုက်မယ့် အစီအစဉ် ဆိုင်းငံ့ထားမှုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သက်တမ်း ထပ်တိုးလိုက်ပါတယ်။

မူလက ထရမ့်ဟာ အီရန်နဲ့ နောက်ကွယ်က ဆွေးနွေးမှုတွေ အထူးကောင်းမွန်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီလို တိုက်ခိုက်မယ့် ကိစ္စကို ၅ ရက်ကြာ ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပါတယ်။ မတ်လ ၂၆ ရက်နေ့ ညပိုင်းမှာတော့ သူက အခြေအနေတွေ ဆက်တိုက် တိုးတက်နေတာကြောင့် အဲဒီ ဆိုင်းငံ့မှုကို နောက်ထပ် ၁၀ ရက်ထိ ထပ်တိုးလိုက်ကြောင်း ပြောကြားသွားပါတယ်။

ဒါကြောင့် အမေရိကန်က အီရန်ရဲ့ ဓာတ်အားပေး စနစ်တွေကို မတိုက်ခိုက်ဘဲ အချိန်ပေးထားတဲ့ ကာလဟာ ဧပြီ ၆ ရက်နေ့ထိ ကြာမြင့်လာတော့မှာပါ။ မတ်လ ၂၁ ရက်နေ့တုန်းက ထရမ့်ဟာ အီရန် အနေနဲ့ ဟောမုဇ် ရေလက်ကြားကို ဆက်ပြီး ပိတ်ထားမယ်ဆိုရင် ၄၈ နာရီအတွင်း အီရန်ရဲ့ ဓာတ်အားပေး စက်ရုံတွေကို တိုက်ခိုက် ဖျက်ဆီးပစ်မယ်လို့ ရာဇသံ ပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြား နောက်ကွယ်က ဆွေးနွေးမှုတွေ ရှိလာတာကြောင့် အဲဒီ အစီအစဉ်ကို ရက်ရွှေ့ထားမယ့်အကြောင်း ထရမ့်က ပြောင်းလဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အီရန်ဖက်ကတော့ အမေရိကန်နဲ့ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးမှုတွေ ရှိနေကြောင်း ထရမ့်ရဲ့ အဆိုကို ငြင်းပယ်ထားပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၂၆ ရက်နေ့မှာတော့ ထရမ့်က အစိုးရ အဖွဲ့ အစည်းအဝေးတစ်ခုမှာ အီရန်သာ အမေရိကန်နဲ့ ညှိနှိုင်းပြီး သဘောတူညီမှု တစ်ခုခုကို မရယူနိုင်ဘူးဆိုရင် ဖိအားပေး တိုက်ခိုက်မှုတွေ မြှင့်တင်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ လူမှုကွန်ရက် မီဒီယာ Truthမှာ ထရမ့်က အီရန်ရဲ့ ဓာတ်အားပေး ကွန်ရက်ကို တိုက်ခိုက်မယ့်ကိစ္စ ထပ်ပြီး အချိန်ဆိုင်းထားမယ့်အကြောင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ဟာ အီရန် အစိုးရထဲက အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးနေတယ်လို့ အခိုင်အမာ ပြောပေမယ့် ဘယ်သူတွေနဲ့ စကားပြောနေသလဲ ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ လွှတ်တော် ဥက္ကဋ္ဌကတော့ အမေရိကန်နဲ့ လူမြင်ကွင်း နောက်ကွယ်မှာ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုထားပါတယ်။

Wall Street ဂျာနယ်ကတော့ အမေရိကန်က အီရန်ရဲ့ ဓာတ်အားပေး အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ့် အစီအစဉ်ကို ၁၀ ရပ် ထပ်မံရွှေ့ဆိုင်းခဲ့တာဟာ အီရန်ဖက်က တောင်းဆိုမှု မဟုတ်ဘူးလို့ ဆိုပါတယ်။

အမေရိကန်ဟာ အီရန်နဲ့ ညှိနှိုင်းနေချိန် အတောအတွင်းမှာပဲ သမ္မတ ထရမ့်အတွက် ပိုမို စုံလင်ကွဲပြားတဲ့ စစ်ရေး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် အရှေ့အလယ်ပိုင်း ဒေသဆီ တပ်အင်အား ၁၀၀၀၀ လောက် ထပ်မံ ဖြည့်တင်း ပို့ဆောင်နေကြောင်းလည်း ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ တချို့ကို ကိုးကားပြီး အဲဒီ ဂျာနယ်က ဖော်ပြသွားခဲ့ပါတယ်။

ကိုးကား: Reuters
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

သတင်းဌာန သုံးခုကို အိမ်ဖြူတော်မှာ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ကို တရားရုံး တစ်ခုက ကြားဝင် တားမြစ်လိုက်ပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

Facebook