Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်၊ ဩစတြေးလျနဲ့ ဖိလစ်ပိုင် ပူးပေါင်းပြီး တောင်တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်

အမေရိကန်၊ ဩစတြေးလျနဲ့ ဖိလစ်ပိုင်တို့ ပူးပေါင်းပြီး တောင်တရုတ်ပင်လယ် ရေပြင်မှာ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

အမေရိကန်၊ ဩစတြေးလျနဲ့ ဖိလစ်ပိုင်တို့ ပူးပေါင်းပြီး တောင်တရုတ်ပင်လယ် ရေပြင်မှာ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် ရေပြင်တစ်ခုလုံးကို တရုတ်က ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားတာကြောင့် ဖိလစ်ပိုင် အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ရှိနေချိန်မှာ အခုလို စစ်ရေးလေ့ကျင့်မှုတွေကို ဖိလစ်ပိုင်က မဟာမိတ် နိုင်ငံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဧပြီ ၉ ရက်ကနေ ၁၂ ရက်ထိ ၄ ရက်ကြာမြင့်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ၊ ထောက်လှမ်းရေး လေယာဉ်တွေ ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း၊ နိုင်ငံသုံးခုကြား ကာကွယ်ရေးဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ဖို့ ရည်ရွယ်ထားတဲ့ အစီအစဉ် အမျိုးမျိုးကို ချိတ်ဆက် လေ့ကျင့်ခဲ့ကြောင်း ဧပြီ ၁၃ ရက်နေ့မှာ ဖိလစ်ပိုင် စစ်တပ်က ကြေညာခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ FA-50 တိုက်လေယာဉ်တွေ စေလွှတ်ပေးခဲ့ပြီး ဩစတြေးလျက P-8A Poseidon ရေကြောင်း ကင်းလှည့် လေယာဉ်တွေကို စစ်ရေးလေ့ကျင့်မှုအတွက် ပူးပေါင်းစေခဲ့ပါတယ်။ အမေရိကန်ကတော့ USS Ashland စစ်သင်္ဘောကို ပေးပို့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ ပူးပေါင်းပြီး နှစ်စဉ် ပြုလုပ်လေ့ရှိတဲ့ Balikatan စစ်ရေးလေ့ကျင့်မှုကြီး မစခင်မှာ အခုလို သုံးနိုင်ငံ ပူးပေါင်း လေ့ကျင့်မှုကို အကြိုသဘော လုပ်ဆောင်ခဲ့တာပါ။ Balikatan စစ်ရေးလေ့ကျင့်မှုကြီးကိုတော့ ဧပြီ ၂၀ မှာ အစပြုဖို့ လျာထားပါတယ်။ ဒီနှစ်မှာတော့ ထူးခြားချက် တစ်ခုအဖြစ် ဂျပန်ဟာ လေ့လာသူ သက်သက် မဟုတ်တော့ဘဲ တင်းပြည့်ကျပ်ပြည့် လေ့ကျင့်ဖက် နိုင်ငံအဖြစ် ဩစတြေးလျနဲ့အတူ ပူးပေါင်းပါဝင်လာမှာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာတော့ တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ ရေပိုင်နက် အငြင်းပွားမှုကို အကြောင်းပြုပြီး တင်းမာတဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့သလို နှစ်ဖက်ကြား အပြန်အလှန် စွပ်စွဲ ပြစ်တင်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင်က မဟာမိတ် နိုင်ငံတွေနဲ့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတွေကို တရုတ်က အစဉ်တစိုက် ဆန့်ကျင်လေ့ရှိပြီး အဲဒီ လုပ်ရပ်မျိုးဟာ ဒေသတွင်း တင်းမာမှုတွေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ဝေဖန်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ ရေနံ ကုန်သွယ်ရေးအပေါ် ပိတ်ဆို့ထားမှုတွေကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်-အမေရိကန် ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ ကနဦး တွေ့ဆုံမှု အစီအစဉ်တွေဟာ စိတ်ကျေနပ်စရာ တိုးတက်မှုမျိုးတွေနဲ့ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့တယ်လို့ အစည်းအဝေး ဖြစ်မြောက်အောင် ကူညီခဲ့တဲ့ ကာတာနဲ့ ပါကစ္စတန် အစိုးရတွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။