Connect with us

Hi, what are you looking for?

News

တစ်လအတွင်း စစ်ကောင်စီတပ် ၂၁၁၇ ဦးသေဆုံးဟုNUGထုတ်ပြန်

တိုက်ပွဲဖြစ်ပွားမှု အများဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး တိုက်ပွဲ ၄၀၀ကျော်တွင် ၁၇၁ ကြိမ်မှာ အဆိုပါ တိုင်းဒေသကြီး၌ ဖြစ်ခဲ့သည်ဟုဆိုသည်။ ထို့အပြင် ဗုံးပေါက်ကွဲမှု အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး ၁၁၈ကြိမ် ရှိခဲ့သည်။

မြန်မာပြည်သူများ၏ ပြည်သူ့ခုခံတော်လှန်စစ် နိုင်ငံအဝှမ်း အရှိန်မြှင့်တင်လာသဖြင့်တစ်လအတွင်း တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပွားကာ စစ်ကောင်စီတပ်မှ ၂၁၁၇ ဦးသေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ခုခံကာကွယ်စစ်​ကြေညာပြီးတတိယ​မြောက်လဖြစ်​သော နိုဝင်ဘာ ၇ရက်မှ ဒီဇင်ဘာ ၆ရက်ထိ တစ်လတာကာလအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၄၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲမှု ၃၇၀ ကြိမ်ဖြစ်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဘက်မှ ၂၁၁၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၆၈၂ဦး ရှိခဲ့သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားမှု အများဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး တိုက်ပွဲ ၄၀၀ကျော်တွင် ၁၇၁ ကြိမ်မှာ အဆိုပါ တိုင်းဒေသကြီး၌ ဖြစ်ခဲ့သည်ဟုဆိုသည်။ ထို့အပြင် ဗုံးပေါက်ကွဲမှု အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး ၁၁၈ကြိမ် ရှိခဲ့သည်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် မတရားဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်လုပ်ရပ်များကို နေ့စဉ်ကျူးလွန်လုပ်ဆောင်နေရာ၊ ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်မှု ကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံတော်လှန်စစ်ကို မလွှဲသာမရှောင် ဆင်နွှဲနေကြရခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုအပြင်အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူဘက်သို့ ရဲရဲဝံ့ဝံ့ ရပ်တည်လာကြသည့်စစ်သား CDM နှင့် ရဲ CDM များလည်းနေ့စဉ်များပြားလာနေကြောင်း ဖော်ပြသည်။

နိုဝင်ဘာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တိုက်ပွဲဖြစ်ပွားမှုနှင့် ဗုံးပေါက်ကွဲမှု အခြေအနေများမှာ နေပြည်တော်တွင် ဗုံပေါက်ကွဲမှု ၇ကြိမ်၊ ဧရာ၀တီတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု ၄ကြိမ်၊ ဗုံးပေါက်ကွဲမှု ၁၃ကြိမ်၊ ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု ၅ကြိမ်၊ တနင်္သာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု ၆ကြိမ်၊ ဗုံးပေါက်ကွဲမှု ၇ကြိမ်၊ ကယားပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု ၁၁ကြိမ်၊ ဗုံးပေါက်ကွဲမှု ၃ကြိမ်၊ ပဲခူးတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု ၁၇ကြိမ်၊ ဗုံးပေါက်ကွဲမှု ၃၆ကြိမ်၊ ချင်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု ၂၀ကြိမ် တို့ဖြစ်သည်။

ထို့အပြင် မွန်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု ၂၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ၁၈ကြိမ်၊ ကရင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု ၂၁ကြိမ်၊ ဗုံးပေါက်ကွဲမှု ၁ကြိမ်၊ ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု ၂၂ကြိမ်၊ ဗုံးပေါက် ကွဲမှု ၂၃ကြိမ်၊ မန္တလေးတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု ၂၂ကြိမ်၊ ဗုံးပေါက်ကွဲမှု ၆၈ကြိမ်၊ ရှမ်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု ၂၅ကြိမ်၊ ဗုံးပေါက်ကွဲမှု ၇ကြိမ်၊ ရန်ကုန်တိုင်း၌ တိုက်ပွဲဖြစ်ပွားမှု ၃၂ကြိမ်၊ ဗုံးပေါက်ကွဲမှု ၁၁၈ကြိမ်၊ မကွေးတိုင်း တွင် တိုက်ပွဲဖြစ်ပွားမှု ၄၁ကြိမ်၊ ဗုံးပေါက်ကွဲမှု ၂၂ကြိမ်၊ စစ်ကိုင်းတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု ၁၇၁ကြိမ်၊ ဗုံးပေါက်ကွဲမှု ၄၈ကြိမ် ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook